Thursday, August 1, 2019

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၁၂၃ နိုင်ငံအဖြစ် တိုဂိုသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်

Image may contain: 4 people, people sitting, table and indoor

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တိုဂိုသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူကြီးများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက် ခိုင်မာစေရန် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် တိုဂိုနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် ကုလသမဂ္ဂဆိုင်ရာ တိုဂိုအမြဲတမ်းကိုယ်စားလှယ် H.E. Ambassador Kokou Kpayedo တို့သည် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

တိုဂိုသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၃) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံဖြစ်ကြောင်း သိရသည်။

Credit - နိုင်ငံခြားရေးဝန်ကြီးဌာန
The Ladies News

0 comments:

Post a Comment