Thursday, August 1, 2019

နေပြည်တော် ဗစ်တိုးရီးယားအမှုကို နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည်

Image may contain: text

သက်ငယ် မုဒိန်းမှု တခု ဖြစ်သည့် နေပြည်တော်မှ ဗစ်တိုးရီးယား အမှုကို လာမည့်ရုံးချိန်းများမှစ၍ ဗုဒ္ဓဟူးနေ့တိုင်း နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း အောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က သြဂုတ် ၁ ရက် ကပြုလုပ်သည့် တတိယအကြိမ်ရုံးချိန်းတွင် မီဒီယာများသို့ ပြောဆိုလိုက်သည်။

“ဗုဒ္ဓဟူးနေ့တိုင်း နှစ်ပတ်ကို တစ်ကြိမ်စစ်မယ် သက်သေက ၂၆ယောက်ဆိုတော့ ၂ယောက်တို့ ၃ယောက်တို့စစ်မယ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကို တရားလိုဘက် သက်သေတွေအကုန်စစ်မယ် ရုံးချိန်းတွေထပ်ချိန်းရရင်တော့ နဲနဲနောက်ဆုတ်သွားမှာပေါ့ “ဟု ဦးခင်မောင်ဇော်က ပြောသည်။
ပြီးခဲ့သည့် ရုံးချိန်းကဗစ်တိုးရီးယား၏ မိခင်ဖြစ်သူ တင်ပြခဲ့သည့် ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် ရုံးတော်ရှေ့သို့ ပို့ဆောင်ပေးရန် အချက်ကို ပယ်ချခဲ့ပြီး၊ အခင်းဖြစ်သည့် နေရာသို့ သွားရောက် ကြည့်ရှု့နိုင်ရေး သည် ဥပဒေနှင့်ညီညွတ်သည့်အတွက် လိုအပ်သည့် အချိန်တွင် ကျောင်းသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ခရိုင်ဥပဒေရုံးက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
ယနေ့ရုံးချိန်းသို့ လာရောက်ခဲ့သည့် အောင်ကြီး၏ မိခင်ဖြစ်သူကလည်း ၎င်း၏သားသည် တရားခံမဟုတ်သည့် အတွက် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေချင်ကြောင်း လည်း မီဒီယာများနှင့်တွေ့ဆုံ စဉ်ပြောဆိုခဲ့သည်။
“ကျွန်မသားလေးက တရားခံလဲမဟုတ်ပါဘူး ကျွန်မသားလေးကို သက်သက်မဲ့ ဒီလိုစွပ်စွဲပြီးထည့်ထားတာပါ ကျွန်မသားလေးကို အမှန်အတိုင်းလေးဖြစ်အောင်လို့အထက်ကလူကြီးတွေဝိုင်းဝန်းကူညီစောင့်ရှောက်ပေးပါလို့ပဲ ကျွန်မပြောချင်တယ် ကျွန်မသားလေး တကယ်တရားခံမဟုတ်ပါဘူး ပထမတစ်ကြိမ်မှာလည်း လွှတ်ပြီးသွားပါပြီ တရားရုံးကနေ လွှတ်ပြီးမှ ကျွန်မသားကို ပြန်ပြီးဖမ်းကြတာ”ဟု တရားခံအဖြစ်စွပ်စွဲခံရသူ အောင်ကြီး၏ မိခင်ဖြစ်သူကပြောသည်။
မိခင်ဖြစ်သူက အောင်ကြီးနှင့်သွားရောက်တွေ့ဆုံစဉ် ၎င်း၏ ပြောကြားချက်များနှင့်ပတ်သက်လည်း “အောင်ကြီးနဲ့တွေ့တဲ့အခါမှာ သားတရားခံမဟုတ်ဘူး ။ သားကို သက်သက်စွပ်စွဲပြီးထည့်ထားတာ ဒါပေမယ့် သားရဲ့ ၀ဋ်ကြွေးပါလို့ သားခံရတယ်ပေါ့နော် သားဘုရားရှိခိုးပါတယ်တဲ့ ဒီအမှုကိုလည်း အမြန်ဆုံးပေါ်ပေါက်ပါစေ သားဆုတောင်းပါတယ်အမေရယ်တဲ့၊”ဟုပြောကြောင်း ၎င်း၏ မိခင်က မီဒီယာများသို့ ပြန်လည်ပြောပြခဲ့သည်။
The Ladies News

0 comments:

Post a Comment