Thursday, August 1, 2019

အောင်ဘာလေထီ ကျပ်သိန်းပေါင်းတစ်သောင်းခွဲဆု ပိုင်ရှင်မပေါ်သေး

၆ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို ဟင်္သာတမြို့၊ ကမ္ဘောဇဘဏ်ရှေ့ အမှတ် ၂၁၀ နတ်မော်လမ်းရှိ မင်္ဂလာစွယ်တော်ထီဆိုင်မှ ဆွတ်ခူးခဲ့သော်လည်း ကံထူးရှင်ကိုမူ ယနေ့မွန်းလွဲ ၂ နာရီကျော်သည့်တိုင်အောင် ရှာဖွေဆက်သွယ်၍ မရသေးကြောင်း ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင်က ပြောကြားသည်။
အဆိုပါ ကျပ်သိန်းတစ်သောင်းခွဲ ထီလက်မှတ် မ ၇၁၄၂၉၁ အပါအဝင် ၄၁၆၄၂၁ နှင့် ၄၇၃၂၈၅ ပါဝင်သည့် ၃၆ စောင် အထူးကတ် ၃ ကတ်ကို ဇူလိုင်လ ၁၈ ရက်နေ့က ထိုးသွားခဲ့ကြောင်း၊ ယင်းထီလက်မှတ်များတွင်က အက္ခရာမှ ကဂ အက္ခရာအထိပါဝင်ပြီး ငွေကျပ်တစ်သိန်းကျော်ဖိုးထိုးသွားခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင် ထီပေါက်စဉ်နဲ့တိုက်မည်ဟုလည်း ပြောဆိုသွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

လစဉ်ထီရောင်းချခဲ့သည့် အတွေ့အကြုံများအရ ထီလာထိုးသူ ၅ ဦးခန့်အထက် လိပ်စာပြောပြရန်ဆန္ဒမရှိသည့်အပြင် ဖုန်းနံပါတ်ပါ အသိမပေးခဲ့ကြောင်း၊ ထီဆိုင်က လိပ်စာတောင်းခံခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိသည့် ထီထိုးသူများစွာလည်းရှိကြောင်း ထီဆိုင်မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

The Voice

0 comments:

Post a Comment