Thursday, August 1, 2019

အထွေထွေအာမခံလုပ်ငန်းနှင့် အသက်အာမခံလုပ်ငန်း ဖက်စပ်လုပ်ကိုင်ခွင့်ရရှိမည့် ပြည်တွင်း၊ ပြည်ပ အာမခံကုမ္ပဏီများစာရင်း ထုတ်ပြန်


ဖက်စပ်အထွေထွေအာမခံလုပ်ငန်းနဲ့ ဖက်စပ်အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမယ့် ပြည်တွင်း၊ပြည်ပ အာမခံကုမ္ပဏီတွေ စာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်(၁)ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖက်စပ်အထွေထွေအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမယ့် ပြည်တွင်းအထွေထွေအာမခံ
ကုမ္ပဏီနဲ့ နိုင်ငံခြားအထွေထွေအာမခံကုမ္ပဏီတွေရဲ့ အမည်စာရင်းထုတ်ပြန်ရာမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ အကဲဖြတ်စံနှုန်းတွေနဲ့ကိုက်ညီတဲ့ ပြည်တွင်း အထွေထွေအာမခံကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားအထွေထွေ အာမခံကုမ္ပဏီ(၃)ခုကို ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့
AYA Myanmar General Insurance Company Limited and Sompo Japan Nipponkoa
Insurance Inc.; ၊ Grand Guardian General Insurance Company Limited and Tokio Marine and Nichido Fire Insurance Company Limited နဲ့ 
IKBZ Insurance Company Limited and Mitsui Sumitomo Insurance Company Limited တို့ဖြစ်ပါတယ်။
ဖက်စပ်အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမယ့် ပြည်တွင်းအသက်အာမခံကုမ္ပဏီတွေနဲ့ နိုင်ငံခြားအသက်အာမခံကုမ္ပဏီတွေရဲ့ အမည်စာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်းအသက်အာမခံကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီတွေကတော့ Capital Life Insurance Limited and Taiyo Life Insurance Company Limited; ၊ 
Citizen Business Insurance Public Limited and Thai Life Insurance Public
Company Limited; နဲ့ 
Grand Guardian Life Insurance Company Limited and Nippon Life
Insurance Company တို့ ဖြစ်ပါတယ်။

ထုတ်ပြန်ကြေညာချက်မှာပါဝင်တဲ့ ကုမ္ပဏီတွေအနေနဲ့ လိုင်စင်အကြိုလုပ်ငန်းစဉ်တွေကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ရမယ့်အပြင် ဖက်စပ်အသက်အာမခံလုပ်ငန်းစတင်ချိန်မှာ ဆောင်ရွက်ဖို့လိုအပ်တဲ့ ကိစ္စရပ်တွေကိုလည်း ဆောင်ရွက်ထားရမှာဖြစ်ပြီး လိုင်စင်အကြိုလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးမှသာ အဲဒီကုမ္ပဏီတွေကို ဝန်ကြီးဌာနက လုပ်ငန်းလိုင်စင်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

0 comments:

Post a Comment