Thursday, August 1, 2019

ကချင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဦးဇော်ဝင်းကိုခန့်အပ်

Image may contain: 3 people, people sitting
တနိုင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းအား ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ် ခန့်အပ် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁ရက်နေ့က ပြုလုပ်ခဲ့သော ကချင်ပြည်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် တက်ရောက်လာသော လွတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်မည့်သူမရှိသောကြောင့် ၀န်ကြီးအဖြစ်ခန့်အပ်ရန် လွှတ်တော်ကဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထိုအသစ်တိုးချဲ့ဖွဲ့စည်းလိုက်သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဦးဇော်ဝင်းအား ခန့်အပ်ရန် ကချင်ပြည်နယ်၊ ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်မှ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Photo Credit-Kachin NLD

0 comments:

Post a Comment