Thursday, August 1, 2019

မှိုဆိပ်နှင့် ဓာတုဓာတ်ကြွင်းတိုင်းတာသည့် ဓာတ်ခွဲခန်း တည်ဆောက်မည်

မန္တလေးတိုင်းဒေသကြီးတွင် ပထမဆုံးအဖြစ် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် ဓာတုဓာတ်ကြွင်းတိုင်းတာသည့် ဓာတ်ခွဲခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း အစားအသောက်ဘေးကင်းလုံခြုံရေးအစီအစဉ် (Food Safety Project) အရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အစားအသောက် ဘေးကင်းလုံခြုံရေး စီမံချက်တစ်ခုကို အကောင်အထည်ဖော်နေရာ ဓာတ်ခွဲခန်းနှစ်ခုကို မန္တလေးနှင့် ညောင်ဦးမြို့နယ်တို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း Food Safety Project ဒါရိုက်တာ ဦးကျင်မောင်က ပြောကြားသည်။

အစားအသောက်၊ အသီးအနှံများတွင် မှိုအဆိပ်များ၊ ဓာတုဓာတ်ကြွင်းများမှာ အများပြည်သူ စားသုံးရန်မသင့်သည့် အဆင့်ထက် ကျော်နေခြင်းများရှိ မရှိကို သိနိုင်ရန် ဓာတ်ခွဲခန်းများ တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းများတွင်စစ်ဆေး၍ မှိုအဆိပ်ပါဝင်ခြင်းရှိ မရှိနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းတိုင်းတာခြင်းတို့ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

The Voice

0 comments:

Post a Comment