Thursday, August 1, 2019

မြစ်ရေတက်နေသဖြင့် မကွေးတိုင်းတွင် လူသုံးထောင်ကျော် ရွှေ့ပြောင်းထားရ

ဧရာဝတီမြစ်ရေမြင့် တက်လာခြင်းကြောင့် မကွေး တိုင်းအတွင်းရှိ လူဦးရေ ၃,၀၀၀ ကျော်ကို ရွှေ့ပြောင်းနေရာချပေး ထားကြောင်း မကွေးတိုင်းဒေသ ကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာန တိုင်းညွှန်ကြားရေးမှူးဦးမြင့် စိုးက ပြောသည်။

မကွေး၊ ချောက်၊ ရေနံ ချောင်း၊ ကံမ၊ စလင်းနှင့် မင်းဘူး မြို့နယ်တို့မှ အိမ်ထောင်စု၁,၀၁၀ ရှိ လူ ၃,၁၆၁ ဦးကို ပြောင်းရွှေ့ ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ရေဘေးသင့်ပြည်သူတွေ ခိုလှုံနိုင်ဖို့အတွက် ဘက်စုံခန်းမ တွေတည်ဆောက်ပေးထားပါ တယ်။ အနံ ၆၀ ပေ၊ အလျား ၇၀ ပေရှိတဲ့ ဘက်စုံခန်းမတစ်ခုကို ကျပ်သန်း ၂၀၀ အကုန်အကျခံ ပြီးတော့ စေတုတ္တရာမြို့နယ်မှာ တည်ဆောက်နေပါတယ်။ မင်း ဘူးမြို့နယ် ကြာကန်ကျေးရွာမှာ လည်း ထပ်မံပြီးတော့ တည် ဆောက်သွားမှာပါ’’ ဟု ဦးမြင့်စိုး က ဆိုသည်။
ယခုရေဘေးသင့်ပြည်သူ များအတွက် ယာယီနားခိုဆောင် များ၊ ကုန်းမြင့်များ၊ ဘုန်းတော် ကြီးကျောင်းများတွင် နေရာချ ထားစီစဉ်ပေးနေသလို လူတစ်ဦး လျှင် တစ်ပတ်စာကျပ် ၂,၁၀၀  နှုန်းဖြင့် ထောက်ပံ့ပေးထားပြီး လူ ၃,၀၀၀ ကျော်အတွက် ကျပ် ၆၆ သိန်း ကူညီထောက်ပံ့ထား ကြောင်း တိုင်းဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဦးစီးဌာနစာရင်းတွင် ဖော်ပြသည်။
‘‘ဒီထက်ပိုပြီးတော့ ရေကြီး လာနိုင်တာကြောင့် မြစ်ကမ်းဘေး ကအိမ်တွေကို ဆုံးရှုံးမှုတွေမရှိ အောင်၊ အန္တရာယ်တွေမဖြစ် အောင် ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် အသိပညာပေးတာတွေ ကိုလည်း လုပ်ဆောင်နေပါတယ်’’ ဟု ဦးမြင့်စိုးက ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ရေမြင့်တက်ကာ ရေကြီးမှု ကြောင့် မကွေးတိုင်းဒေသကြီး တွင် လူငါးဦးသေဆုံးပြီး လူနေ အိမ် ၁၀ လုံးရေမျောပျက်စီးခဲ့ သည်။
ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်စေရေး ကြိုတင်ကာကွယ်မှု များပြုလုပ်ထားသလို ယခုအချိန် အထိ လူထိခိုက်မှုနှင့်နေအိမ်ပျက် စီးဆုံးရှုံးခြင်းများမရှိသေးကြောင်း ယင်းဌာနမှတ်တမ်းတွင် ဖော်ပြ သည်။

7Day

0 comments:

Post a Comment