Monday, September 5, 2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရရင် မြန်မာကို ထပ်မလာဘူးလို့ ကုလအထူးသံတမန်ပြော

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရပါက မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စ နိုလန် ဟေဇာက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၃၁ သိန်း ဝန်းကျင်နဲ့ရွှေဆိုင်တွေ ဈေးဖွင့်

ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းဝန်းကျင်နဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေဆီက သိရပါတယ်။

ကျွဲစိမ်း ခေါ် ကာရာဘောင်းတစ်ဗူးလျှင် ငွေကျပ်ထောင့်နှစ်ရာဖြစ်နေ၍ ယခင်လို ပြည်သူများဝယ်မသောက်နိုင်တော့ဟုဆို

မြန်မာပြည်သူလူထုအကြားတွင် ကျွဲစိမ်းဟု အခေါ်များသည့် ကာရာဘောင်းအချိုရည် တစ်ဗူးလျှင် ငွေကျပ် ထောင့်နှစ်ရာ ရှိနေ၍ ပြည်သူများ ဝယ်မသောက်နိုင်တော့သည့် အခြေအနေများ ကြုံတွေ့နေရသည်ဟု ဆိုသည်။

တမူး FRT တပ်ဖွဲ့အတွက် ထိုင်းရောက်အလှူရှင်မှ M4 ၁လက် ဝယ်ပေးခဲ့

 

တမူးပြည်သူ့ကာကွယ်ရေးFreedom Rangers Tamuတပ်ဖွဲ့အတွက် ထိုင်းရောက်အလှူရှင်များမှ M. 4 အသစ်တစ်လက်အား လှူဒါန်းသည့်အတွက် လက်ခံရရှိကြောင်း ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့ထုတ်ပြန်ထားသည်။

ပွဲရုံဈေးမှာတင် မုံရွာကြက်သွန်နီတစ်ပိဿာ ကျပ် ၃၇၀၀ရှိလာပြီး လက်လီဈေးကွက်ထဲ တစ်ပိဿာကျပ် ၄၀၀၀ ကနေ ၅၀၀၀ လောက်ထိဈေးရှိနေ

ပြည်တွင်းဈေးကွက်ထဲ ကြက်သွန်နီအဝင်များပေမယ့် အဝယ်လိုက်နေလို့ မုံရွာ ကြက်သွန်နီ တစ်ဿာကို ကျပ် ၃၇၀၀ လောက်ထိ ဈေးကောင်းလာတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။

မိဘနှစ်ပါးရဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်လာလို့ အသုံးပြုရတော့မယ်လို့ PRA က ဗိုလ်ဂျပန်ပြော

ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ရဲ့ ဗိုလ်ဂျပန်က သူ့ရဲ့ မိဘနှစ်ပါးရဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်လာလို့ အသုံးပြုရတော့မယ်လို့ပြောဆိုလိုက်ပါတယ်။

Sunday, September 4, 2022

ရှော်ဖြူတောင်တံတားအနီး ဂွ - သံတွဲ လမ်းတွင် ရိုဟင်ဂျာ ၁၇ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရှော်ဖြူတောင်တံတားအနီး ဂွ - သံတွဲ ကားလမ်းမပေါ် ယမန်နေ့ စက်ဘာတင်လ ၄ရက်နေ့ ည ၇နာရီခန့်အချိန် မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးအား မြန်မာစစ်တပ်နှင့် ပူးပေါင်းအဖွဲ့က ရှာဖွေရာ ယာဉ်ပေါ်တွင် ရခိုင်ဒေသခံ ရိုဟင်ဂျာ အမျိုးသား ၁၂ဦး အမျိုးသမီး ၅ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

(၁)တန် ဒေါ်လာ ၄၆၀ ကျော် မြန်မာ့ဆန်ဖြူ တန်ချိန် ၂ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာ့ဆန်ဖြူ (White Rice) တန်ချိန် ၂ သိန်း ဝယ်ယူသွားမယ်လို့ နီးစပ်သူအရာရှိအချို့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Straits Time က ဖော်ပြထားပါတယ်။

အမေရိကန်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ ၄၀၀၀၀ နီးပါးရရှိပြီး တိုက်ပွဲဝင် PDF များသို့ တိုက်ရိုက်လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Women for Myanmar, D.C Area ၏ ဦးဆောင်မှုဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲကို Mara Community Church, Baltimore, MD တွင် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ကျင်းပရာ လူပေါင်း ၈၀၀ ဝန်းကျင်ပါဝင်တက်ရောက်ပြီး အမေရိကန်ဒေါ်လာ ၄၀၀၀၀ နီးပါး ရရှိကြောင်း သိရှိရသည်။

လာဘ်စားမှုဖြင့် နာမည်ကြီးနေသည့် အင်းစိန်ထောင် အရာရှိ အိအိထွန်းထံ ကျည်သုံးတောင့် လက်ဆောင်ပို့

အင်းစိန်ထောင်မှ လာဘ်စားမှု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အရာရှိ အိအိထွန်းထံ ကျည်သုံးတောင့် လက်ဆောင်ပို့ခံရကြောင်း သိရသည်။

ရုရှား EEF ဖိုရမ်မှာ မြန်မာစစ်ခေါင်းဆောင်ကိုဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြလာ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေပြီဖြစ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)အတွက် ပြည်ပဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြလာပါတယ်။

မြန်မာနိုင်ငံတွင် ၄ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၃၈ ဦးတွေ့ပြီး ၂ ဦးသေဆုံး

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာသစ် ၃၃၈ ဦးထိ တွေ့ရှိခဲ့ပြီး အဲ့အထဲက ၂ ဦးကတော့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

COVID-1 မျိုးကွဲအသစ်များ လာမည့်ဆောင်းရာသီတွင် ပေါ်ပေါက်လာနိုင်ဟု ဥရောပသမဂ္ဂဆို

ယခုလာမည့်ဆောင်းရာသီတွင် COVID-19 မျိုးကွဲအသစ်များ ပေါ်ပေါက်လာနိုင်ပြီး၊ ယင်းတို့သည် ယခင်ပေါ်ပေါက်ခဲ့သမျှတို့နှင့် မတူသော လုံးဝအသစ်များဖြစ်ကြောင်း ဥရောပသမဂ္ဂဆေးဝါးများအေဂျင်စီက ပြောကြားလိုက်သည်။

ရန်ကုန်တွင် ဖုန်းငှားဆက်ကာ လုယက်သည့်အမှုများတွင် အမျိုးသမီးများပါဝင်နေ

ရန်ကုန်မြို့က ကားမှတ်တိုင်တွေနဲ့ လူစည်ကားရာနေရာအချို့မှာ ဖုန်းငှားဆက်ရင်း လုယူထွက်ပြေးတဲ့ဖြစ်ရပ်တွေ ရှိနေပြီး အဲဒီ လုယက်မူတွေမှာအမျိုးသမီးတွေပါဝင်နေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူအချို့ထံကနေ သိရပါတယ်။

အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ကျင်းပမှာလား

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကို ပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလကို ခြောက်လသက်တမ်း တိုးမြှင့်ခဲ့ပါတယ်။

စားအုန်းဆီလည်း ဈေးပြန်တက် ကော်မတီ ထုတ်ပြန်ဈေးမှာတင် တစ်ပိဿာ ၅၂၀၀ ကျော်ပြီ

ယခုအပတ် ပြည်တွင်းစားအုန်းဆီဈေးလည်း ပြန်တက်လာပြီး  စီးပွားရေးနှင့် ကူးသန် းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်ဈေးမှာတင် တစ်ပိဿာကိုကျပ် ၅၂၂၀ လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ စစ်လေယာဥ် ဝင်ရောက်ပျံသန်းမှု မြန်မာသံအမတ် ဆင့်ခေါ်ခံရပြန်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကို မြန်မာစစ်တပ်လေယာဥ်တွေ ဝင်ရောက်ပျံသန်းခဲ့မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မြန်မာသံအမတ်ဟာ မနေ့ သြဂုတ်လ ၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဆင့်ခေါ်တာ ခံခဲ့ရပါတယ်။

အရှေ့ဖျားစီးပွားရေးဖိုရိမ်တက်ရောက်ဖို့ နစကဥက္ကဋ္ဌ ရုရှားရောက်

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Khit Thit အပါအဝင် မီဒီယာများကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်၍ ထိရောက်စွာ အရေးယူရမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြော


Khit Thit အပါအဝင် မီဒီယာများတွင် သန်းနှင့်ချီသော နောက်လိုက်ပြည်သူများရှိနေပြီး လူအများစု ပညာမတတ်၍ သတင်းအတုများကို ယုံကြည်ဟု ဝန်ကြီးဟောင်း စိုးသိန်း၏ သား အေးချမ်း ပြောဆို


Khit Thit အပါအဝင် ပုဂ္ဂလိကမီဒီယာများတွင် သန်းနှင့်ချီသော Followers ပြည်သူများရှိနေပြီး လူအများစု ပညာမတတ်၍ သတင်းတုသတင်းအမှားကို ယုံကြည်နေကြကြောင်း ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းသား အေးချမ်းက တီမောနိုင်ငံတွင် ကျင်းပခဲ့သည့် မီဒီယာဖိုရမ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။