Sunday, September 4, 2022

လာဘ်စားမှုဖြင့် နာမည်ကြီးနေသည့် အင်းစိန်ထောင် အရာရှိ အိအိထွန်းထံ ကျည်သုံးတောင့် လက်ဆောင်ပို့

အင်းစိန်ထောင်မှ လာဘ်စားမှု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အရာရှိ အိအိထွန်းထံ ကျည်သုံးတောင့် လက်ဆောင်ပို့ခံရကြောင်း သိရသည်။
" အဲဒီအရာရှိမက တော်တော်ဆိုးတယ် လာဘ်စားတာက၊ အကျဉ်းသူတွေ ငွေမပေးလို့ကတော့ နည်းမျိုးစုံနဲ့ အလုပ်ခိုင်းတယ်၊ ပါးစပ်ကလဲ ကြမ်းသလား မမေးနဲ့ ယောက်ျားတွေထက် ဆိုးနေတယ်၊ ကျွန်တော်တို့ ဒီနေ့ ( စက်တင်ဘာ ၄ ရက်)မှ သိတာ သူကျည်ဆံရထားတယ်၊ ဘယ်နေ့ သေမလဲ မသိဘူးဟု" အကျဉ်းဦးစီးဌာနအသိုင်းအဝန်းမှ ဝန်ထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့်လပိုင်းက အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီး လက်နက်ကြီးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိသူတချို့ရှိခဲ့ကြောင်း၊ ယခု အိအိထွန်းထံ ကျည်သုံးတောင့်ပို့ခဲ့သည်မှာ ဆိုးရွားသည့် လုပ်ရပ်များ မရပ်တန့်ပါက အသတ်ခံရမည်ဟု သတိပေးနေခြင်းဖြစ်ကြောင်း၊ မည်သည့် အဖွဲ့က ကျည်ပို့ခဲ့သည်ကို စုံစမ်းလျှက်ရှိသည်။

0 comments:

Post a Comment