Sunday, September 4, 2022

အမေရိကန်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ ၄၀၀၀၀ နီးပါးရရှိပြီး တိုက်ပွဲဝင် PDF များသို့ တိုက်ရိုက်လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Women for Myanmar, D.C Area ၏ ဦးဆောင်မှုဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲကို Mara Community Church, Baltimore, MD တွင် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ကျင်းပရာ လူပေါင်း ၈၀၀ ဝန်းကျင်ပါဝင်တက်ရောက်ပြီး အမေရိကန်ဒေါ်လာ ၄၀၀၀၀ နီးပါး ရရှိကြောင်း သိရှိရသည်။
အဆိုပါပွဲသို့ ပန်ဆယ်လို တက်ရောက်ခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ ပါဝင်ခဲ့ကြောင်း၊ မြန်မာတိုင်းရင်းသားပေါင်းစုံကမြန်မာအစားအစာမျိုးစုံနှင့် တိုင်း ရင်းသားဝတ်စုံများရောင်းချကြပြီး အခြား ပြည်နယ်များမှလည်း အများအပြားပါဝင်ခဲ့ကြကြောင်း၊ ထိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား၊ ဆရာဦးဝင်းဖေ၏ အနှစ်၂၀ သက်တမ်းရှိ ဆေးရေးပန်းချီကားများနှင့် တန်ဖိုးကြီး လက်ဝတ်ရတ နာများ ကိုလဲ လေလံတင် ရောင်းချခဲ့ကြကြောင်း၊ ထိုပွဲမှ ရရှိသော ရန်ပုံငွေများကို တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြသော PDF များအား လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ၄င်းရန်ပုံငွေရှာပွဲမှ စုစုပေါင်း ဒေါ်လာလေးသောင်းခန့် ရရှိကြောင်း Women For Myanmar မှ ပွဲဦးဆောင်သူ ဆရာမ မိုးမိုးက ပြောဆိုသည်။

Khit Thit

0 comments:

Post a Comment