Monday, September 5, 2022

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၃၁ သိန်း ဝန်းကျင်နဲ့ရွှေဆိုင်တွေ ဈေးဖွင့်

ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းဝန်းကျင်နဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေဆီက သိရပါတယ်။

“  ၁၆ ပဲရည်က သိန်း သုံးဆယ် ခုနှစ်သောင်းနဲ့ ရောင်းပါတယ်။ ပြန်ဝယ်ဈေးကတော့ တစ်သိန်း အကွာထားပြီး ၂၉ သိန်း ၇ သောင်းပြန်ဝယ်ပါတယ်။ ဒါကတော့နေ့လည် ၁၂ နာရီပေါက်ဈေးပါ ရွှေဈေးကတော့ အချိန်နဲ့အမျှ ပြောင်းနေပြီးတော့ အရောင်းများပါတယ်”လို့ ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၃၅ သိန်းကျော်ဝန်းကျင်ထိ စံချိန်တင်မြင့်တက်သွားပြီး စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် သိန်း ၃၀ ကို ပြန်ကျခဲ့သလို ဒီနေ့မှာတော့ ကျပ် ၃၁ သိန်း ဝန်းကျင်မှာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်ပဈေးကွက်မှာ ရွှေအဝယ်များခဲ့ပြီး ဈေးနှုန်း စံချိန်တင်မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိ ဈေးကွက်ထဲမှာတော့ အဝယ်ရပ်သွားကာ အရောင်းပြန်လိုက်လာလို့ ရွှေဆိုင်တွေက ပေါက်ဈေးထက် ကွာဟတဲ့ဈေးတန်းတစ်ခုသတ်မှတ်ကာ ပြန်ဝယ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြင်ပဒေါ်လာပေါက်ဈေးအပေါ်မူတည်ကာ အရောင်းအဝယ်ပြုလုပ်နေကြတဲ့အတွက် ဈေးနှုန်းအတက်အကျက မြန်ဆန်စွာဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာဈေးကစားတဲ့သူတွေကို အရေးယူမယ်ဆိုပြီး ပြောကြားထားသလို ရွှေဈေးထိန်းနိုင်ဖို့ စစ်ကောင်စီက ရွှေဒင်္ဂါးပြား ထုတ်လုပ်ရောင်းချထားပါသေးတယ်။

ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ အခေါက်ရွှေ ရည်ညွှန်း အဖွင့်ဈေးကတော့ တစ်ကျပ်သားကို ကျပ် ၂၀၀၈၀၀၀ နဲ့ ထုတ်ပြန်ထားပါတယ်။

MyanmaPlatform

0 comments:

Post a Comment