Sunday, September 4, 2022

Khit Thit အပါအဝင် မီဒီယာများတွင် သန်းနှင့်ချီသော နောက်လိုက်ပြည်သူများရှိနေပြီး လူအများစု ပညာမတတ်၍ သတင်းအတုများကို ယုံကြည်ဟု ဝန်ကြီးဟောင်း စိုးသိန်း၏ သား အေးချမ်း ပြောဆို


Khit Thit အပါအဝင် ပုဂ္ဂလိကမီဒီယာများတွင် သန်းနှင့်ချီသော Followers ပြည်သူများရှိနေပြီး လူအများစု ပညာမတတ်၍ သတင်းတုသတင်းအမှားကို ယုံကြည်နေကြကြောင်း ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းသား အေးချမ်းက တီမောနိုင်ငံတွင် ကျင်းပခဲ့သည့် မီဒီယာဖိုရမ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တီမောနိုင်ငံတွင် ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော "The Dili Dialogue Forum under the title of Media Challenges" မီဒီယာဖိုရမ်တွင် ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား ဖြစ်သူ အေးချမ်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
"သတင်းတု သတင်းမှားတွေ ထုတ်လွှင့်နေတဲ့ မီဒီယာတွေမှာ Followers သန်းနဲ့ချီရှိပါတယ်။ လူအများစုက ပညာမတတ်ကြတော့ အဲဒီသတင်းတုသတင်းမှားတွေကို ယုံကြည်ကြပါတယ်။ ဖေ့ဘုတ်စ်မှာ Bluetick ( ဖေ့ဘုတ်စ်အသိ အမှတ် ပြု Blue Mark) ရတိုင်းလည်း ယုံကြည်ရတဲ့ သတင်းဌာနမဟုတ်ပါဘူး။ အကြမ်း ဖက်မှုတွေကို လုပ်တဲပ လူတွေအားလုံးက ဖေ့ဘုတ်စ်မှာ အသိ အမှတ် ပြု Blue tick ရကြပါတယ်။ အစိုးရက တရားမဝင် သတ်မှတ်ထားတဲ့ မီဒီယာတွေရဲ့ တစ်လအတွင်း ထုတ်လုပ်နေတဲ့ သတင်းအတု သတင်းအမှားအရေအတွက်တွေကို ကြည့်ပါ" ဟု စိုးသိန်း၏ သားဖြစ်သူ အေးချမ်းက မီဒီယာဖိုရိမ်တွင် ပြောဆိုသွားသည်။
အေးချမ်းသည် Khit Thit အပါအဝင် ပုဂ္ဂလိက မီဒီယာများက သတင်းတု သတင်းအမှား ထုတ်လွှင့်သည်ဟု ပြောဆိုရာတွင် စစ်တပ်က ဖွဲ့စည်းထားသော FACT CHECK ဝါဒဖြန့် အတုအယောင်အဖွဲ့၏ အချက်အလက်အမှားများအပေါ်တွင် အခြေခံထားသည်။
စစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်ပြီး FACT CHECK ဟူသော အဖွဲ့တစ်ခုကို ထူထောင်ကာ Khit Thit အပါအဝင် မီဒီယာများ၏ သတင်းများကို သတင်းတု သတင်းမှားဖြစ်ကြောင်း တန်ပြန် ဝါဒဖြန့် ချိမှုများ၊ စစ်တမ်းများ၊ ဇယားများ ရေးဆွဲလုပ်ဆောင်လျက်ရှိနေသည်။
အေးချမ်းသည် ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်း ၏ သားဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအဖြစ် rgo47၏ ဥက္ကဌ၊ UOB Bank ဒါရိုက်တာနှင့် E-Commerce Association of Myanmar (ECAM) ၏ ဥက္ကဋ္ဌ အဖြစ် လုပ်ဆောင်နေသူလည်းဖြစ်သည်။ အေးချမ်းသည် မင်းအောင်လှိုင် စိတ်ကြိုက်ဖွဲ့စည်းခဲ့သော သတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လျက်ရှိသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာ ဏာသိမ်းချိန်တွင် ဥပဒေအရ၊ ရွေးကောက် ပွဲအရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီမှ အဖွဲ့ဝင် အားလုံးနီးပါး နုတ်ထွက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် သတင်းမီဒီယာကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းတွင် သားသမီး ၃ ဦးရှိပြီး အေးချမ်း၊ သီတာအေး (Mother Finance ငွေ​ချေးလုပ်ငန်း)၊ ဒေါက်တာရည်မွန်အေး (အမေရိကန် သိပ္ပံပညာရှင်)တို့ ဖြစ်ကြသည်။

Khit Thit

0 comments:

Post a Comment