Sunday, September 4, 2022

COVID-1 မျိုးကွဲအသစ်များ လာမည့်ဆောင်းရာသီတွင် ပေါ်ပေါက်လာနိုင်ဟု ဥရောပသမဂ္ဂဆို

ယခုလာမည့်ဆောင်းရာသီတွင် COVID-19 မျိုးကွဲအသစ်များ ပေါ်ပေါက်လာနိုင်ပြီး၊ ယင်းတို့သည် ယခင်ပေါ်ပေါက်ခဲ့သမျှတို့နှင့် မတူသော လုံးဝအသစ်များဖြစ်ကြောင်း ဥရောပသမဂ္ဂဆေးဝါးများအေဂျင်စီက ပြောကြားလိုက်သည်။
သို့ရာတွင် လက်ရှိကာကွယ်ဆေးများသည် လူတို့ကို ပြင်းထန်စွာနာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်သည်ဟုလည်း ယင်းအေဂျင်စီက ဖြည့်စွက်ပြောကြားသည်။
နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသည် ယခုနှစ်ကုန်ပိုင်းတွင် COVID-19 ကာကွယ်ဆေးထပ်လောင်းထိုးနှံရေးအတွက် စည်းရုံးလှုံ့ဆော်မှုများစတင်ရန်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့သော မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

Popular

0 comments:

Post a Comment