Sunday, September 4, 2022

စားအုန်းဆီလည်း ဈေးပြန်တက် ကော်မတီ ထုတ်ပြန်ဈေးမှာတင် တစ်ပိဿာ ၅၂၀၀ ကျော်ပြီ

ယခုအပတ် ပြည်တွင်းစားအုန်းဆီဈေးလည်း ပြန်တက်လာပြီး  စီးပွားရေးနှင့် ကူးသန် းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်ဈေးမှာတင် တစ်ပိဿာကိုကျပ် ၅၂၂၀ လို့ ထုတ်ပြန်ထားပါတယ်။

ကော်မတီကတော့ ယခုပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၂၂၀ ဆိုပြီးထုတ်ပြန်ထားတာပါ။

ယင်းအပြင် ကော်မတီက   စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း ၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေတယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment