Monday, September 5, 2022

မိဘနှစ်ပါးရဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်လာလို့ အသုံးပြုရတော့မယ်လို့ PRA က ဗိုလ်ဂျပန်ပြော

ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ရဲ့ ဗိုလ်ဂျပန်က သူ့ရဲ့ မိဘနှစ်ပါးရဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်လာလို့ အသုံးပြုရတော့မယ်လို့ပြောဆိုလိုက်ပါတယ်။
အဆိုပါ လက်ဝတ်ရတနာတွေဟာ ဗိုလ်ဂျပန်ရဲ့ မိဘနှစ်ပါး မင်္ဂလာဦးနေ့ကတည်းက ယနေ့အချိန်ထိ စုဆောင်းထားတဲ့ လက်ဝတ်ရတနာလေးတွေဖြစ်ပြီး တော်လှန်ရေးကာလမှာ အရေးပေါ် လိုအပ်လာလို့ အကုန်လုံးယူလာခဲ့ရတာလို့ သူက ဆိုပါတယ်။
" မေမေ့သား တော်လှန်ရေး လုပ်တော့မှ နားက နားကပ်လေးတောင် မကျန်တဲ့ မေမေ ဒီပွဲက လုံးဝအရှုံးခံလို့ မရတဲ့ပွဲမို့ နားလည်ပေးပါ ဖေဖေ နဲ့‌ မေမေ" လို့ ဗိုလ်ဂျပန်က ရေးသားထားပါတယ်။

0 comments:

Post a Comment