ခြံအမှတ် (၅၄) နေအိမ်ပြင်ဆင်မှု အငြင်းပွားချိန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တစ်ဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်က ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရာဇဝတ်ပြင်ဆင်မှု တက်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန်နဝါရီ ၁၁ ရက် မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။





