Sunday, January 8, 2023

ရခိုင်က မြို့နယ်တချို့မှာ စစ်ကောင်စီက မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေ

ရခိုင်က မြို့နယ်တချို့မှာ စစ်ကောင်စီက မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီးလို့ ဒေသခံတွေက ဆိုကြပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာတော့ ဇန်နဝါရီလ ၉ ရက်၊ဒီနေ့ မနက်ကစတင်ပြီး မြို့ပေါ်ရပ်ကွက်တွေ အပါအဝင်ကျေးရွာတွေမှာလည်း လူဦးရေနဲ့သန်းခေါင်စာရင် းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီလှုပ်ရှားမှုတွေကို စစ်ကောင်စီကခန့်အပ်ထားတဲ့ ဝန်ထမ်းတချို့ဟာ ရွာတွေမှာရှိတဲ့ အိမ်ထောင်စုတွေ၊လူဦးရေတွေကို ဒီနေ့မနက် ၉နာရီက စတင်စစ်ဆေးခဲ့ပြီး သန်းခေါင်စာရင်းမရှိသူတွေကိုလည်း သန်းခေါင်စားရင်းလုပ်ရမယ်လို့ အသိပေးပြောဆိုခဲ့ကြပါတယ်။
''ဒီနေ့ စာရေးမတွေနဲ့ဝန်ထမ်းတချို့ပါတယ်။တစ်ရွာလုံးကိုသန်းခေါင်းစာရင်းစစ်တယ်။သူတို့ပြောတာက အထက်ကစေခိုင်းလို့လုပ်ရတာတဲ့။မရှိတဲ့သူကျတော့ အိမ်တစ်အိမ်မှာရှိတဲ့လူဦးရေတွေ ရဲ့ စာရင်းတွေ၊မှတ်ပုံတင်တွေ အကုန်ပေးရတယ် သူတို့ကို။"လို့ စစ်တွေမြို့ နယ်၊ကျေးတောရွာ သားတစ်ဦးက BNA သို့ ပြောပါတယ်။
အဲဒီလိုပဲပုဏ္ဏာကျွန်းမြို့နယ်မှာလည်း ဒီနေ့မနက်က သန်းခေါင်းစာရင်းတွေလာရောက်စစ်ဆေးသွားတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်သြဂုတ်လမှာ PRစနစ်နဲ့ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာမို့ အကြိုပြင်ဆင်တဲ့အနေနဲ့တစ်နိုင်လုံးရှိ လူဦးရေနဲ့သန်းခေါင်စာရင်းကို ပြုစုနေတာဖြစ်ပါတယ်။
"ရွေးကောက်ပွဲတွက်လာကောက်ကြတာ။နာမည်စာရင်းတွေပေးလိုက်ရပါတယ်။ဒီမြို့မှာ မနေတော့ တဲ့မိသားစုတွေအတွက်လည်းသူတို့မနေထိုင်တဲ့အကြောင်းကိုလက်မှတ်ထိုးပေးလိုက်ရပါတယ်။"လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက BNA သို့ ပြောပါတယ်။
အဲဒီလိုတစ်အိမ်တစ်အိမ်တက်ဆင်းလူဦးရေစာရင်းကောက်ယူရေးကိုအကြောင် းပြပြီး လူထုရဲ့ အချက်အလက်တွေ၊ပိုင်ဆိုင်မှုတွေကို ရန်ရှာခြိမ်းခြောက်လာမယ့်အရေးအတွက် လူထုတရပ်လုံးအနေနဲ့ တညီတညွတ်တည်း တုန့်ပြန်ရင်ဆိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်း NUGက ထုတ်ပြန်ထားပါတယ်။
“နိုင်ငံအတွင်းရှိလူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်”ဆိုပြီး ခေါင်းစဉ်တပ်ကာ အကြိုမဲစာရင်းကောက်ယူဖို့ ပြင်ဆင်လာတာဖြစ်တဲ့အပြင် အမြို့မြို့အနယ်နယ်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေ၊သူတို့ရဲ့ မိသားစုဝင်တွေ၊CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သပိတ်မှောက်နိုင်ငံ့ဝန် ထမ်းတွေ၊ပုဂ္ဂလိကဝန်ထမ်းတွေ၊ကျောင်းသားတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ပစ်မှတ်ထား ရှာဖွေဖော် ထုတ်ဖို့ ရည်ရွယ်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုပစ်မှတ်ထားရှာဖွေဖော်ထုတ်ပြီးရင် ပိုင်ဆိုင်မှုတွေ သိမ်းယူတာ၊မတရားဖမ်းဆီးတာ၊စောင့်ကြည့်တာတွေ အပါအဝင်မျှော်မှန်းမထားနိုင်တဲ့ ဖိနှိပ်ရမ်းကားတွေကိုပါ စစ်ကောင်စီက ကျူးလွန်လာနိုင်ကြောင်းလည်း NUG ရဲ့ နိုးဆော်စာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကို လူထူအားနဲ့ တိုက်ဖျက်ဆန့်ကျင်ကြရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်မှာ စင်ပြိုင်အစိုးရဖြစ်တဲ့ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ရဲ့ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီ တို့ကြား အပစ်ရပ်ထားတာမို့ အေအေထိန်းချုပ်နယ် မြေတွေမှာ အဲဒီလိုမျိုးတစ်အိမ်တက်ဆင်း ကောက်ယူခွင့်ပြု၊မပြုဆိုတာကိုရခိုင်ပြည်သူတွေနဲ့ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူ တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့ ဆိုကြပါတယ်။
(ဓာတ်ပုံ-ရခိုင်ပြည်နယ်စစ်ကောင်စီကကွင်းဆင်းစာရင်းကောက်မယ့်သူများကို ပြီးခဲ့တဲ့လက သင်တန်းပေးနေစဥ်/ပြည်နယ်ပြန်ဆက်)
BAP

0 comments:

Post a Comment