Wednesday, January 11, 2023

မီးအားမြှင့်စက် အပူလွန်ကဲရာမှ Mystery Cake @ Café မီးလောင်မှု မန္တလေးတွင် ယနေ့နံနက်က ဖြစ်ပွား

မန္တလေးမြိုရှိ Mystery Cake @ Café ဆိုင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း မြို့တွင်းလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက် နံနက် ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃ လမ်း၊ ၃၃(ဘီ)လမ်းထောင့်ရှိ Mystery Cake @ Café ဆိုင်သည် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးအားမြှင့်စက်တင်ထားသော ခုံမှတစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါမီးလောင်ရာသို့ ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး၊ စုစုပေါင်း ၆၀ ဦး၊ နယ်မြေခံယာဉ်အုပ်စုဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ရေဂါလန် ၂၀၀၀ ခန့်၊ မီးသတ်ဆေးဘူး ၁ ဘူး အသုံးပြု ငြှိမ်းသတ်ခဲ့သောကြောင့် နံနက် ၃ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၂၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
၎င်းမီးလောင်မှုကြောင့် မီးအားမြှင့်စက် ၁ လုံး၊ မုန့်ဖုတ်စက်၊ ရေခဲသေတ္တာနှင့် အတွင်းပစ္စည်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်းသုံးဆယ်ခန့် ဆုံးရှုံးပျက်ဆီးခဲ့သည်။ ထိုမီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၂၇ နှစ်အရွယ်အမျိုးသားအား ချမ်းအေးသာစံမြို့နယ်၊အမှတ်(၃) နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

MT News

0 comments:

Post a Comment