Wednesday, January 11, 2023

(၃) နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ မြဝတီ - မဲဆောက်တံတား ပြန်ဖွင့်


ကိုဗစ်ကြောင့် (၃) နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ ထိုင်း - မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ဒီနေ့ ဇန်နဝါရီလ (၁၂) ရက် မနက်ပိုင်းက နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖွင့်လှစ်ခဲ့ ကြပါတယ်။

ထိုင် - မြန်မာနယ်စပ် မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၁) ချစ်ကြည်ရေး တံတားကို နယ်စပ်ဂိတ်ကို ထိုင်းဘက်က ပြန်လည်ဖွင့်လှစ်ဖို့ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပေမယ့် မြန်မာနိုင်ငံဘက်က နိုင်ငံရေးအခြေအနေကြောင့် တံတားကို ပြန်လည်ဖွင့်လှစ်ဖို့ ရွှေ့ဆိုင်းခဲ့ရတာ ပါ။
လက်ရှိမှာတော့ ကိုဗစ်ကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက် ပေါက်ဖြစ်တဲ့ အမှတ်(၁) ချစ်ကြည်ရေးတံတားကို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ဖြတ်သန်းဖို့အတွက် နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် Border Pass ကို စစ်ကောင်စီရဲ့ လဝက ဌာနမှာ သွားရောက်ပြုလုပ်ရမှာဖြစ်ပြီး တံတားဖွင့်ပွဲပြုလုပ်ပြီးနောက် မဲဆောက်ဘက်ကို မြန်မာဘက်က ကားတွေ ဝင်ရောက်လာနေပြီ လို့ မဲဆောက်အခြေစိုက် သတင်းသမားတွေဆီက သိရပါတယ်။
အမှတ်(၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်နိုင်တဲ့အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ၂၀၁၉ ခုနှစ် မတ်လကစတင်ပိတ်ခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ နှစ်က မြဝတီဘက်ခြမ်းမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။




သတင်း - သံလွင်တိုင်းမ်

0 comments:

Post a Comment