Wednesday, January 11, 2023

ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ မပေါက်ကွဲသေးသည့် ချိန်ကိုက်မိုင်း ၂ လုံးတွေ့ကာ သတ်မဲ့ပြုလုပ်ခဲ့ရမှု မကွေးမြို့တွင် ဖြစ်ပွား

မကွေးမြို့ရှိ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး၏နေအိမ်ရှေ့၌ မပေါက်ကွဲသေးသည့်ပုဆိုးဖြင့် ထုပ်ထားသော ချိန်ကိုက်မိုင်း ၂ လုံးတွေ့ရှိကာ သက်ဆိုင်ရာမှ လာရောက်သက်မဲ့ပြုလုပ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(ဂ)ရပ်ကွက်၊ ၁၄ လမ်းနှင့် ပိတောက်လမ်းထောင့်ရှိ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၏ နေအိမ်ရှေ့ အုတ်ခြံစည်းရိုးအပြင်ဘက်နှင့် ခြံစည်းရိုးအတွင်းဘက်တို့တွင် မပေါက်ကွဲသေးသည့် ပုဆိုးဖြင့်ထုပ်ထားသော ချိန်ကိုက်မိုင်း ၂ လုံးတွေ့ရှိကာ သက်ဆိုင်ရာသို့အကြောင်းကြားပြီး နေ့လည် ၁၂ နာရီလောက်တွင် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းများအား ပုဆိုးဖြင့်ထုပ်လျှက် ကွန်ကျူးပိုက်အပြာရောင် အနံ ၂ လက်မနှင့် အလျား ၆ လက်မအတွင်း ယမ်းများထည့်သွင်း၍ ထိပ် ၂ ဖက်လုံးကို ပိတ်ထားပြီး တစ်ဖက်တွင် စနက်တံထုတ်ထားကာ ၎င်းထုတ်ထားသော ဝါယာကြိုး ၂ ချောင်းတို့အားအသုံးပြု၍ ပေါက်ကွဲရာတွင် ထိခိုက်စေရန်အတွက် လက်လုပ်မိုင်းပတ်လည်တွင် သံချောင်းများအား တိပ်နှင့် ပတ်ထားသည်ကို တွေ့ရသည်။ ထိုချိန်ကိုက်မိုင်းတွင် AA ဓာတ်ခဲ ၁ လုံးနှင့် ပါဝါဓာတ်ခဲ ၁ လုံးတို့ကို ချိန်ကိုက်အဖြစ်ပြုလုပ်ထောင်ထားခဲ့ရာ ၁ လုံးမှာ သတ်မှတ်ချိန်ရောက်ရှိခဲ့သော်လည်း ပေါက်ကွဲမှုမရှိခဲ့ကြောင်းနှင့် ကျန် ၁ လုံးမှာမူ သတ်မှတ်ချိန်မရောက်သေးခင်အတွင်း၌ပင် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

MT News

0 comments:

Post a Comment