Wednesday, January 11, 2023

အမေရိကန်မှာ ဆူရှီလိပ်နေရတာ ဖွင့်ချခံရပေမဲ့ စိတ်မဆိုးဘူးဆိုတဲ့ အဆိုတော် R ဇာနည်

နွေဦးတော်လှန်ရေးမှာ ပါဝင်ထောက်ခံပြီး အချိန်တိုအတွင်း အမေရိကန်ဆီရောက်ရှိသွားကာ သာမန်ဆူရှီလိပ်သူတစ်ဦးအဖြစ် ဝမ်းရေးဖြေရှင်းနေတဲ့ အဆိုတော် Rဇာနည် ကတော့ သူ ဆူရှီလိပ်နေတာ ဖွင့်ချလာတဲ့သူကို စိတ်မဆိုးဘူးလို့ အသိပေးလာပါတယ်။
Facebook သုံးစွဲသူတစ်ဦးဖြစ်တဲ့ Tee Tee အကောင့်ပိုင်ရှင်တစ်ယောက်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာ ဆူရှီဆိုင်အလုပ်သမားဖြစ်နေတဲ့ အဆိုတော် R ဇာနည်ရဲ့ လုပ်ငန်းခွင်ထဲကပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ချိန်မှာ ဝေဖန်သူများခဲ့ပေမဲ့ အဆိုတော် R ဇာနည်က​တော့ "ဒီလိုအချိန်မှာ ကျနော်တို့အချင်းချင်း စိတ်မဆိုးကြဘဲ ပိုချစ်ချစ်ခင်ခင်နေကြဖို့ပဲ ဖြစ်စေချင်ပါတယ်ဗျာ. ပို့စ်ပိုင်ရှင် bro နဲ့ မိတ်ဆွေတွေရဲ့ စိတ်ခံစားချက်ကိုလည်း ကျေးဇူးတင် အားနာရတာပါ. အားလုံးဘယ်သူမှ အမုန်းမပွါးကြေး . Peace
✌️❤️
နော် " (သတ်ပုံ - မူရင်းအတိုင်း) လို့သာ တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ Tee Tee အကောင့်ပိုင်ရှင်ကတော့ ပို့စ်ဖျက်သွားပေမဲ့ အများစုကတော့ R ဇာနည်ရဲ့ ရိုးသားသန့်ရှင်းစွာလုပ်ကိုင်စားသောက်နေပြီး တော်လှန်ရေးအကြောင်းပြ ပြည်သူ့အလှုငွေက ထိုင်မစားတာ ​ဩစတြေးလျရောက်နေတဲ့ အဆိုတော်သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ဇနီးက အိမ်အကူ၊ သန့်ရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အလုပ်သုံးခုလုပ်ပြီး မင်းမော်ကွန်းကို ရှာဖွေကျွေးမွေးနေရတာတွေနဲ့ နှိုင်းယှဥ်ဖော်ပြကြတာလည်း တွေ့ရပါတယ်။ Photo- Tee



Tee
MT News

0 comments:

Post a Comment