Wednesday, January 11, 2023

မြန်မာ့ပင်လယ်ပြင်၌ မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေမှ ​ရေလုပ်သား ၁၃ ဦးအားကယ်ဆယ်

ရခိုင်ပြည်နယ်၊မာန်အောင်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ငါးဖမ်းဝါးလတ်လှေတစ်စီးသည် ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ညနေ ၅ နာရီခွဲခန့်က မာန်အောင်မြို့၏ အနောက်ဘက်ရေမိုင် ၂၃ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဝါးလတ်လှေတစ်စီးမီးလောင်နေကြောင်း သတင်းအရ တပ်မတော် (ရေ)မှ သွားရောက်ရှာဖွေခဲ့ကြသည်။
အခင်းဖြစ်နေရာ၌ "ထူးထက်အောင်(၇၂)"ငါးဖမ်း ဝါးလတ်လှေမီးလောင်နေသဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လှေပေါ်ရှိ ​ရေလုပ်သား ၁၃ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍ လိုအပ်သည့်ကူညီမှုများပြုလုပ်ပေးခဲ့ကြသည်။
ထို့နောက် ဇန်နဝါရီ ၁၁ ရက်တွင် မီးလောင်ခဲ့သည့် ငါးဖမ်းဝါးလတ်လှေမှ လှေသားများအား သက် ဆိုင်ရာသို့ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Popular

0 comments:

Post a Comment