Wednesday, January 11, 2023

နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံများ ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရမည်

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန် CMP လုပ်ငန်းများအရေးကြီးခြင်းနှင့်ပတ်သက်၍ ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန CMP လုပ်ငန်းများကြီး ကြပ်ရေးကော်မတီမှ CMP လုပ်ငန်းများ ငွေကြေးဆိုင်ရာအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်ကပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ CMP စက်ရုံ၊အလုပ်ရုံ ၇၃၈ ရုံ၏ နိုင် ငံခြားငွေဝင်ရောက်မှုများကို ဗဟိုဘဏ်နှင့်တိုက် ဆိုင်စစ်ဆေးခဲ့ရာ ၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၂၂ ရက်မှနိုဝင်ဘာ ၁၄ ရက်အထိ ငွေစာရင်းဖွင့်လှစ်ထားသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိပြီး နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံခဲ့သည်ဟု ပြော သည်။
ထို့ပြင် ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက် ရုံ ၉၂ ရုံအားတွေ့ရှိခဲ့ရ၍ ယင်း စက်ရုံများငွေ ကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ်အသုံးပြုရမည်ဟု မှာကြားခဲ့သည်။
"နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိတဲ့ စက်ရုံတွေဟာ ပြည်ပကအသုံးစရိတ်တွေ လွှဲပြောင်းသုံးစွဲရာမှာ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အ ညီဆောင်ရွက်ရပါမယ်"ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။
ထို့ပြင် နိုင်ငံတော်၏ ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေစီးဆင်းမှုသည် နိုင်ငံတော် စီး ပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောက ဏ္ဍမှပါဝင်သည်ဟု ပြောသည်။
CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီသည် CMP လုပ်ငန်းများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာခြင်း ရှိ/မရှိ၊သတ်မှတ်ညွှန် ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊ရရှိသောလုပ်ခများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းခြင်း ရှိ/မရှိ အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ခခံစားခွင့်များ အပြည့်အဝထုတ် ပေးခြင်း ရှိ/မရှိ၊ စာရင်းဇယားများ စနစ်တကျ ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပ်မတ်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။

Popular

0 comments:

Post a Comment