Wednesday, January 11, 2023

ထိုင်ဝမ်မှစင်ကာပူသို့ပျံသန်းမည့်လေယာဉ်ပေါ်တွင် ပါဝါဘဏ်ပေါက်ကွဲမှုကြောင့် လူ၂ ဦးဒဏ်ရာရ

ထိုင်ဝမ်နိုင်ငံ Taoyuan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ ပျံသန်းသည့် Scoot Flight TR 993 တွင် တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ( ဇန်နဝါရီလ ၁၀ရက် )အင်္ဂါနေ့တွင် ခရီးသည်ယူ ဆောင်လာတဲ့ ပါဝါဘဏ်ကြောင့် လေယာဉ်အတွင်းခန်းထဲတွင် မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
.
.
မီးလောင်ပေါက်ကွဲမှုကြောင့် ပါဝါဘဏ်ပိုင်ရှင် နှင့် သူနဲ့အတူပါလာတဲ့ခရီးသည်တစ်ဦး လက်ချောင်းမှာအနည်း ငယ်ဒဏ်ရာရှိခဲ့ကြောင်း Scootလေကြောင်းလိုင်းမှထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးကိုရှေးဦးသူနာပြု စုနည်းနဲ့ ဆေးကုသပေးခဲ့ပြီး ဆက်လက်ခရီးထွက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။
.
ဒါပေမယ့် ဒီအဖြစ်အပျက်ကို လုံခြုံရေးအစောင့်တွေက စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လေယာဉ် ဘေးကင်းကြောင်းနှင့် ထိုင်ခုံများဖုံးထားတဲ့ကော်ဇောတွေသာမီးလောင်ခဲ့ကြောင်းအင်ဂျင်နီယာများကအတည်ပြု ခဲ့ပါတယ်။ ဒါပေမဲ့ သုံးနာရီကြာစောင့်ဆိုင်းပြီးနောက်ဆုံးမှာတော့ ထိုင်ဝမ်လေကြောင်းအာဏာပိုင်တွေက လေယာဉ်ကို ဆက်လက်ပြီးပျံသန်းခွင့်မပြုဘဲ ခရီးသည်များအားလုံးကိုလေယာဉ်ပေါ်မှဆင်းခိုင်းခဲ့ပါတယ်။

Mingalapar

0 comments:

Post a Comment