Saturday, September 5, 2020

ကူးစက်ပျံ့မှုများလာခြင်းကြောင့် အင်းစိန်ထောင်တွင် ထောင်ဝင်စာတွေ့ဆုံမှု ရပ်နား

လက်ရှိအချိန်တွင် COVID-19 ရောဂါသည် ကူးစက်ပျံ့မှုများလာခြင်းကြောင့် ထောင်ဝင်စာတွေ့ဆုံခြင်းကို အင်း စိန်အကျဉ်းထောင်တွင် ရပ်နားလိုက်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်မှ တရားမဝင် ဝင်ရောက်မှုမရှိစေရေး လုံခြုံရေး ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်တား ဆီးရေး အတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်မှုမရှိစေရေး နေ့ညမပျက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့်လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရိခေါ် ဒါရ်မြို့ နယ်မြေရဲစခန်းမှ စက်တင်ဘာလ ၅ ရက်တွင် သိရသည်။

အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီမှုနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ ၂၅ ပါတီမှ အမေရိကန်သံရုံးသို့ အိတ်ဖွင့်ပေးစာ ပေးပို့

အမေရိကန်သံရုံးမှ ရွေးကောက်ပွဲကော်မရှင် အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ၂ဝ၂ဝ ရွေးကောက်ပွဲကိုစီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က UWSA(ဝ) အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA(ဝ)အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်၊ အောင်ပြည်ဟိန်းရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကြောင့် တောင်ကိုရီးယားမှာ နေ့စဉ် ကိုဗစ် ကူးစက်မှု အနိမ့်ဆုံးဖြစ်လာ

တောင်ကိုရီးယားမှာ တင်းကြပ်တဲ့ ခပ်ခွာခွာနေခြင်း စည်းမျည်းစည်းကမ်းတွေ ချမှတ်ခဲ့ပြီးနောက် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၆၈ ဦး ထပ်တိုးပြီး သီတင်း ၃ ပတ်ကြာအတွင်း နေ့စဉ်ကူးစက်မှု အနိမ့်ဆုံး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

လူနာသစ် (၃၇) ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း အတည်ပြုလူနာ (၁,၂၅၃) ဦးရှိလာ

၁။ (၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၇၄၅)ခု၊

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး ကာကွယ်ကြရမည်ဖြစ်ပြီး မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ရရှိအောင် ထုတ်လုပ်နိုင်သည့် အသေးစားစက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ယနေ့နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၊ တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။

ပင်လုံမြို့တွင် ငွေကျပ်သိန်း ၆၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ငွေကျပ်သိန်း ၆၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့မနက်ထုတ်ပြန်သည့် ရန်ကုန်မှ လူနာသစ် ၃၈ ဦးသည် ပိုးတွေ့လူများနှင့် ထိတွေ့ဆက်စပ်သူများဖြစ်

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ယနေ့( စက်တင်ဘာ ၅ရက်) နံနက်ပိုင်းထုတ်ပြန်ချက်တွင်ပါ၀င်လာခဲ့သော တောင်ဥက္ကလာပမြို့နယ်မှ ထပ်တိုးကိုဗစ်အတည်ပြု လူနာ ၁၂ဦး အနက် ၉ ဦးသည် အိုမီဂါအလှပြင်ဆိုင်မှ ပိုးတွေ့လူနာ ၀န်ထမ်းနှင့် အဆက်ဖြစ်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးအား ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေး

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီုအီဂူသည် ယမန်နေ့က ပြည်တွင်း ဖြစ် “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံထုတ်“စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက လူသားများနှင့် လက်တွေ့စမ်းသပ်ရာတွင် ပြင်းထန်သောဆိုးကျိုးမရှိပဲ ရောဂါခုခံအား ချက်ချင်း ပြသခဲ့သည်။

KTV ၊ Bar ၊ အနှိပ်ခန်း များနှင့် လူ ၂၀၀ ကျော်ကို ဖမ်းဆီး

တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV၊ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဗလီဝတ်ပြုကျောင်း၌ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး

ဒါကာမြို့တော်မှ ကီလိုမီတာ ၂၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း နာရာရန်ဂါနီခရိုင်ရှိ ဗလီဝတ် ပြုကျောင်းတစ်ခု၌ ယမန်နေ့ညပိုင်းက လေအေးပေစက်များ ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ဝတ်ပြုသူ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် နေ့စဉ်ကူးစက်မှုနှုန်းထားအရ ဒုတိယအများဆုံး ဘရာဇီးအား ၂၄-နာရီအတွင်း ကျော်ဖြတ်သွားတော့မည်

အိန္ဒိယနိုင်ငံသည် ယနေ့နံနက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄,၀၂၃,၁၇၉ ( ၄-သန်းကျော် ) လာပြီး နေ့စဉ်ကူးစက်မှုနှုန်းထားအရ နိုင်ငံတကာ ဒုတိယအများဆုံး ဘရာဇီးအား ၂၄-နာရီအတွင်း ကျော်ဖြတ်သွားတော့မည်ဖြစ်သည်။

လာမည့်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အတည်ပြုချက်ရရှိရန် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer ကြိုးပမ်းမည်

အမေရိကန်ပြည်ထောင်စုရှိ ကျော်ကြားသော ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် Pfizer က လာမည့်လတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုချက်ရယူရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။

လူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ

၁။ (၄-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၁၇၅) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃) ဦးတွေ့ရှိခဲ့ပါသည်။ (အဆိုပါ လူနာများဓာတ်ခွဲတွေ့ရှိမှုသတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

နေပြည်တော်တွင် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်း ရှိ၊မရှိ စစ်ဆေး

နေပြည်တော်ရှိ မြို့နယ်များ၌ COVID-19) ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အတွက် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်းမရှိစေရေး ရှောင်တခင်စစ် ဆေးခဲ့ကြောင်း သိရသည်။

တောင်ကြီး တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်မှာ ဒီကနေ့မနက် အစောပိုင်းက Quarantine ဝင်နေသူ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဗီယက်နမ်တွင် COVID-19 လူနာသစ် ၃ ဦးထပ်တွေ့

ဗီယက်နမ်နိုင်ငံတွင် သောကြာနေ့က COVID-19 အတည်ပြုလူနာသစ် ၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိသဖြင့် ကူးစက်ခံရသူစုစုပေါင်းမှာ ၁၀၄၉ ဦးရှိလာပြီဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။