Saturday, September 5, 2020

ဗီယက်နမ်တွင် COVID-19 လူနာသစ် ၃ ဦးထပ်တွေ့

ဗီယက်နမ်နိုင်ငံတွင် သောကြာနေ့က COVID-19 အတည်ပြုလူနာသစ် ၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိသဖြင့် ကူးစက်ခံရသူစုစုပေါင်းမှာ ၁၀၄၉ ဦးရှိလာပြီဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လူနာသစ် ၃ ဦးမှာ အသက် ၈ နှစ်မှ ၄၃ နှစ်အရွယ်အကြားဖြစ်ကြပြီး၊ ပြည်ပမှပြန်လာကြသူများဖြစ်ကြသည်။ ထို့အပြင် သက်သာပျောက်ကင်းသူ ၃၁ ဦးအားလည်း ဆေးရုံများမှ ဆင်းခွင့်ပြုလိုက်သဖြင့် သက်သာပျောက်ကင်းသူ စုစုပေါင်း ၇၈၆ ဦးရှိပြီဟု ဝန်ကြီးဌာနကဆိုသည်။
သေဆုံးသူစုစုပေါင်းမှာမူ ၃၅ ဦးရှိပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၆၂၀၀၀ နီးပါးကို အသွားအလာကန့်သတ်မှုပြုထားသည်။
>zawgyi<

0 comments:

Post a Comment