Saturday, September 5, 2020

ယနေ့မနက်ထုတ်ပြန်သည့် ရန်ကုန်မှ လူနာသစ် ၃၈ ဦးသည် ပိုးတွေ့လူများနှင့် ထိတွေ့ဆက်စပ်သူများဖြစ်

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ယနေ့( စက်တင်ဘာ ၅ရက်) နံနက်ပိုင်းထုတ်ပြန်ချက်တွင်ပါ၀င်လာခဲ့သော တောင်ဥက္ကလာပမြို့နယ်မှ ထပ်တိုးကိုဗစ်အတည်ပြု လူနာ ၁၂ဦး အနက် ၉ ဦးသည် အိုမီဂါအလှပြင်ဆိုင်မှ ပိုးတွေ့လူနာ ၀န်ထမ်းနှင့် အဆက်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ ၈ရပ်ကွက် ၊ ရတနာလမ်းမကြီးပေါ်ရှိ အိုမီဂါ အလှပြင်ဆိုင်မှ အသက် ၂၉နှစ်အရွယ်ရှိ ၀န်ထမ်းအမျိုးသမီးတစ်းဦးသည် ပိုးတွေ့သူနှင့် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇ၀င်မရှိဘဲ နေမကောင်းဖြစ်ခဲ့သောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာများယူ၍ စစ်ဆေးခဲ့ရာ သြဂုတ်လ ၃၁ရက် ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြု လူနာအမှတ်
၈၂၃ အဖြစ်ပါ၀င်လာခြင်းဖြစ်သည်။
ကျန်းမာရေး နှင့် အားကစား၀န်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြု လူနာအသစ် ၄၅ဦးတွေ့ရှိခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၃၈ဦး ၊ ရခိုင်ပြည်နယ်မှ ၅ဦး ၊ ရှမ်း နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၁ဦးစီ ပါ၀င်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးမှ ကိုဗစ်လူနာသစ် ၃၈ ဦးတွင် တောင်ဥက္ကလာပမြို့နယ်က ၁၂ဦးဖြင့် အများဆုံးတွေ့ရှိရခြင်းဖြစ်ပြီး အားလုံးသည် ပိုးတွေ့လူများနှင့် ထိတွေ့ဆက်စပ်မှု ရှိသူများဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြပ်ထားသူများ ဖြစ်ကြောင်း သိရသည်။
>zawgyi<
ယနေ့မနက်ထုတ်ပြန်သည့် ရန်ကုန်မှ လူနာသစ် ၃၈ ဦးသည် ပိုးတွေ့လူများနှင့် ထိတွေ့ဆက်စပ်သူများဖြစ်
Saturday, September 5, 2020
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့( စက်တင်ဘာ ၅ရက်) နံနက်ပိုင်းထုတ်ပြန်ချက်တွင်ပါဝင်လာခဲ့သော တောင်ဥက္ကလာပမြို့နယ်မှ ထပ်တိုးကိုဗစ်အတည်ပြု လူနာ ၁၂ဦး အနက် ၉ဦးသည် အိုမီဂါအလှပြင်ဆိုင်မှ ပိုးတွေ့လူနာ ဝန်ထမ်းနှင့် အဆက်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ ၈ရပ်ကွက် ၊ ရတနာလမ်းမကြီးပေါ်ရှိ အိုမီဂါ အလှပြင်ဆိုင်မှ အသက် ၂၉နှစ်အရွယ်ရှိ ဝန်ထမ်းအမျိုးသမီးတစ်းဦးသည် ပိုးတွေ့သူနှင့် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်မရှိဘဲ နေမကောင်းဖြစ်ခဲ့သောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာများယူ၍ စစ်ဆေးခဲ့ရာ သြဂုတ်လ ၃၁ရက် ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြု လူနာအမှတ်
၈၂၃ အဖြစ်ပါဝင်လာခြင်းဖြစ်သည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြု လူနာအသစ် ၄၅ဦးတွေ့ရှိခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၃၈ဦး ၊ ရခိုင်ပြည်နယ်မှ ၅ဦး ၊ ရှမ်း နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၁ဦးစီ ပါဝင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးမှ ကိုဗစ်လူနာသစ် ၃၈ ဦးတွင် တောင်ဥက္ကလာပမြို့နယ်က ၁၂ဦးဖြင့် အများဆုံးတွေ့ရှိရခြင်းဖြစ်ပြီး အားလုံးသည် ပိုးတွေ့လူများနှင့် ထိတွေ့ဆက်စပ်မှု ရှိသူများဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြပ်ထားသူများ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment