Saturday, September 5, 2020

တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကြောင့် တောင်ကိုရီးယားမှာ နေ့စဉ် ကိုဗစ် ကူးစက်မှု အနိမ့်ဆုံးဖြစ်လာ

တောင်ကိုရီးယားမှာ တင်းကြပ်တဲ့ ခပ်ခွာခွာနေခြင်း စည်းမျည်းစည်းကမ်းတွေ ချမှတ်ခဲ့ပြီးနောက် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၆၈ ဦး ထပ်တိုးပြီး သီတင်း ၃ ပတ်ကြာအတွင်း နေ့စဉ်ကူးစက်မှု အနိမ့်ဆုံး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အခုဆိုရင် တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၁၀၁၀ ဦး၊ သေဆုံးသူ ၃၃၃ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ကိုရီးယားနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက နေ့စဉ်ဗိုင်းရပ်စ်ကူးစက်လူနာ ၄၄၁ ဦးနဲ့ အမြင့်ဆုံး ကူးစက်မှုနှုန်း ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်အကောင်အထည်ဖော်ခဲ့တဲ့ လူမှုရေးအကွာအဝေး စည်းမျည်းစည်းကမ်းတွေကြောင့် လွန်ခဲ့တဲ့ ၃ ရက်မှာတော့ နေ့စဉ်ကူးစက်လူနာ ၂၀၀ အောက်ထိ ကျဆင်းလာခဲ့ပါတယ်။
အစိုးရဟာ ရောဂါကူးစက်မှု အသစ်တွေ ဆက်လက်ကျဆင်းစေဖို့အတွက် ယင်းစည်းမျည်းစည်းကမ်းတွေကို စက်တင်ဘာ ၁၃ ရက်နေ့ထိ တိုးချဲ့လိုက်ပြီး ကူးစက်လူနာ အရေအတွက်တွေ အမှန်တကယ် ကျဆင်းနေပေမယ့် တင်းကြပ်မှုတွေ ဖြေလျော့လိုက်ဖို့ စောလွန်းသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက Park Neung-hoo က စနေနေ့(ယနေ့) အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
>zawgyi<

0 comments:

Post a Comment