Saturday, September 5, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဗလီဝတ်ပြုကျောင်း၌ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး

ဒါကာမြို့တော်မှ ကီလိုမီတာ ၂၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း နာရာရန်ဂါနီခရိုင်ရှိ ဗလီဝတ် ပြုကျောင်းတစ်ခု၌ ယမန်နေ့ညပိုင်းက လေအေးပေစက်များ ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ဝတ်ပြုသူ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားခဲ့သည်။
ယမန်နေ့ညပိုင်းက ဒဏ်ရာရရှိသူ ၃၇ ဦးထက်မနည်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ၄င်းက ဆိုသည်။ ဒဏ်ရာရရှိသူအများစုက မီးလောင်ဒဏ်ရာ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ၂၅ ဦး၏အခြေအနေမှာ စိုးရိမ်ရ သည်။
စက်တင်ဘာလ ၄ ရက် ဒေသစံတော်ချိန် ၉ နာရီဝန်းကျင်တွင် ဝတ်ပြုသူများက ဝတ်ပြုပြီးနောက် ဗလီ ဝတ်ပြုကျောင်းမှ ထွက်ခွာတော့မည့်အချိန်တွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
သုံးထပ်ဗလီဝတ်ပြုကျောင်း၌ ဝတ်ပြုသူ ၁၀၀ ဝန်းကျင်ရှိနေချိန် မြေညီထပ်ရှိ လေအေးပေးစက်ရှစ်လုံး ပေါက်ကွဲ၍ မီးလောင်ခဲ့ခြင်းဖြစ်သည်။ ကြီးမားသော ပေါက်ကွဲမှုကြောင့် ဗလီဝတ်ပြုကျောင်းမှ မှန်ကွဲစများက လမ်းမပေါ်ရောက်ရှိကာ မျက်နှာ ကျက်ပန်ကာများ၊ ဝါယာကြိုးများနှင့် လျှပ်စစ်ခလုပ်များ မီးလောင်ကျွမ်းခဲ့ကြောင်း ဖာတူလာရဲစခန်းမှ ရဲအရာရှိ ရှာဖီကူအစ္စလာမ်က ပြောသည်။
>zawgyi<
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဗလီဝတ်ပြုကျောင်း၌ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး
Saturday, September 5, 2020
ဒါကာမြို့တော်မှ ကီလိုမီတာ ၂၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း နာရာရန်ဂါနီခရိုင်ရှိ ဗလီဝတ် ပြုကျောင်းတစ်ခု၌ ယမန်နေ့ညပိုင်းက လေအေးပေစက်များ ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ဝတ်ပြုသူ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားခဲ့သည်။
ယမန်နေ့ညပိုင်းက ဒဏ်ရာရရှိသူ ၃၇ ဦးထက်မနည်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ဒဏ်ရာရရှိသူအများစုက မီးလောင်ဒဏ်ရာ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ၂၅ ဦး၏အခြေအနေမှာ စိုးရိမ်ရ သည်။
စက်တင်ဘာလ ၄ ရက် ဒေသစံတော်ချိန် ၉ နာရီဝန်းကျင်တွင် ဝတ်ပြုသူများက ဝတ်ပြုပြီးနောက် ဗလီ ဝတ်ပြုကျောင်းမှ ထွက်ခွာတော့မည့်အချိန်တွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
သုံးထပ်ဗလီဝတ်ပြုကျောင်း၌ ဝတ်ပြုသူ ၁၀၀ ဝန်းကျင်ရှိနေချိန် မြေညီထပ်ရှိ လေအေးပေးစက်ရှစ်လုံး ပေါက်ကွဲ၍ မီးလောင်ခဲ့ခြင်းဖြစ်သည်။ ကြီးမားသော ပေါက်ကွဲမှုကြောင့် ဗလီဝတ်ပြုကျောင်းမှ မှန်ကွဲစများက လမ်းမပေါ်ရောက်ရှိကာ မျက်နှာ ကျက်ပန်ကာများ၊ ဝါယာကြိုးများနှင့် လျှပ်စစ်ခလုပ်များ မီးလောင်ကျွမ်းခဲ့ကြောင်း ဖာတူလာရဲစခန်းမှ ရဲအရာရှိ ရှာဖီကူအစ္စလာမ်က ပြောသည်။

0 comments:

Post a Comment