Saturday, September 5, 2020

လာမည့်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အတည်ပြုချက်ရရှိရန် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer ကြိုးပမ်းမည်

အမေရိကန်ပြည်ထောင်စုရှိ ကျော်ကြားသော ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် Pfizer က လာမည့်လတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုချက်ရယူရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။
သို့သော်လည်း ကာကွယ်ဆေးသည် ထိရောက်မှုရှိကြောင်း အဆိုပါကုမ္ပဏီမှ ဆုံးဖြတ်ပြီးမှသာလျှင် ဖြစ်နိုင်မည် ဖြစ်သည်။ Pfizer က ဂျာမနီမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့်အတူ အဆိုပါကာကွယ်ဆေးကို ဖက်စပ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ယခုအခါတွင် အဆိုပါ ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့်အခြားနေရာများတွင် နောက်ဆုံး အဆင့် စမ်းသပ်နေပြီဖြစ်သည်။ ကာကွယ်ဆေးရလဒ်က အပြုသဘောဆောင်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် FDA နှင့် ကမ္ဘာအနှံ့မှ ချမှတ်ထား သည့် ကာကွယ်ဆေးစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း Pfizer၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အဲလ် ဘတ်ဘိုလာက ပြောကြားခဲ့သည်။
Pfizer ကာကွယ်ဆေးအနေဖြင့် ၎င်းတို့၏ ကာကွယ်ဆေးအား ယုံကြည်စိတ်ချရသည်ဟု ခွင့်ပြုမိန့် မကျမချင်း သို့မဟုတ် အတည်မပြုမချင်း ကုမ္ပဏီအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်ခြင်းကို ဘယ်သောအခါမှ ပြုလုပ်မည်မ ဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာမည့်လအတွင်း ကာကွယ်ဆေးမည်မျှ ထောက်ပံ့နိုင်မည်ကို ပြောနိုင်ရန်ခက်ခဲကြောင်း သို့သော်လည်း စိတ်ပူရန်မလိုကြောင်း အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ ဒေါက်တာ အန်ထော်နီဖော်စီက အမေရိကန်မီဒီယာများသို့ ပြောကြားခဲ့သည်။
>zawgyi<
လာမည့်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အတည်ပြုချက်ရရှိရန် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer ကြိုးပမ်းမည်
Saturday, September 5, 2020
အမေရိကန်ပြည်ထောင်စုရှိ ကျော်ကြားသော ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် Pfizer က လာမည့်လတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုချက်ရယူရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။
သို့သော်လည်း ကာကွယ်ဆေးသည် ထိရောက်မှုရှိကြောင်း အဆိုပါကုမ္ပဏီမှ ဆုံးဖြတ်ပြီးမှသာလျှင် ဖြစ်နိုင်မည် ဖြစ်သည်။ Pfizer က ဂျာမနီမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့်အတူ အဆိုပါကာကွယ်ဆေးကို ဖက်စပ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ယခုအခါတွင် အဆိုပါ ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့်အခြားနေရာများတွင် နောက်ဆုံး အဆင့် စမ်းသပ်နေပြီဖြစ်သည်။ ကာကွယ်ဆေးရလဒ်က အပြုသဘောဆောင်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် FDA နှင့် ကမ္ဘာအနှံ့မှ ချမှတ်ထား သည့် ကာကွယ်ဆေးစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း Pfizer၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အဲလ် ဘတ်ဘိုလာက ပြောကြားခဲ့သည်။
Pfizer ကာကွယ်ဆေးအနေဖြင့် ၎င်းတို့၏ ကာကွယ်ဆေးအား ယုံကြည်စိတ်ချရသည်ဟု ခွင့်ပြုမိန့် မကျမချင်း သို့ မဟုတ် အတည်မပြုမချင်း ကုမ္ပဏီအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်ခြင်းကို ဘယ်သောအခါမှ ပြုလုပ်မည်မ ဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာမည့်လအတွင်း ကာကွယ်ဆေးမည်မျှ ထောက်ပံ့နိုင်မည်ကို ပြောနိုင်ရန်ခက်ခဲကြောင်း သို့သော်လည်း စိတ်ပူ ရန်မလိုကြောင်း အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ ဒေါက်တာ အန်ထော်နီဖော်စီက အမေရိကန်မီဒီယာများသို့ ပြောကြားခဲ့သည်။

0 comments:

Post a Comment