Saturday, September 5, 2020

မြန်မာ-အိန္ဒိယနယ်စပ်မှ တရားမဝင် ဝင်ရောက်မှုမရှိစေရေး လုံခြုံရေး ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်တား ဆီးရေး အတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်မှုမရှိစေရေး နေ့ညမပျက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့်လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရိခေါ် ဒါရ်မြို့ နယ်မြေရဲစခန်းမှ စက်တင်ဘာလ ၅ ရက်တွင် သိရသည်။
ရိခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တရားဝင် ထွက်ပေါက်ရှိသည့်မြို့တစ်ခုဖြစ်သောကြောင့် နယ်စပ်ဝင်ထွက်ပေါက်မဟုတ်သော နေ ရာ များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ထွက်သွားလာမှုမရှိစေရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်နယ်နိမိတ် တစ်လျှောက် လုံခြုံရေးစောင့်ကြည့်စစ်ဆေးမူများအပြင် မြို့ အဝင်အထွက်နေရာများတွင်လည်း လူဝင်၊ထွက်သွားလာမှုကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး အသိပညာ ပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
crd-pyimyanmar #Myanmar_Online_News #ရိခေါ်ဒါရ်မြို့ #မြန်မာ-အိန္ဒိယနယ်စပ်
>zawgyi<

crd-pyimyanmar #Myanmar_Online_News
#ရိခေါ်ဒါရ်မြို့
#ျမန္မာ-အိန္ဒိယနယ်စပ်

0 comments:

Post a Comment