Saturday, September 5, 2020

ကူးစက်ပျံ့မှုများလာခြင်းကြောင့် အင်းစိန်ထောင်တွင် ထောင်ဝင်စာတွေ့ဆုံမှု ရပ်နား

လက်ရှိအချိန်တွင် COVID-19 ရောဂါသည် ကူးစက်ပျံ့မှုများလာခြင်းကြောင့် ထောင်ဝင်စာတွေ့ဆုံခြင်းကို အင်း စိန်အကျဉ်းထောင်တွင် ရပ်နားလိုက်ကြောင်း သိရသည်။
ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်များပြားလာနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေး ထုတ် ပြန်ချက်များကိုလည်း အကျဉ်းထောင်ထဲတွင် ကပ်ထားကြောင်း၊ လက်ရှိ အချိန်တွင် အကျဉ်းထောင်အတွင်း၌ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာ ၄ ရက်က စတင်ကာ ထောင်ဝင်စာတွေ့ဆုံခြင်းများကို ခေတ္တရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''လူတွေခွင့်ကိုတော့ ကန့်သတ်လိုက်တဲ့သဘောပါ။ အစားအသောက်တော့ ပေးလို့ရပါတယ်။ နှစ်ပတ်တကြိမ်ကို ထောင်ဝင်စာပစ္စည်းလာပို့လို့ရပါတယ်။ အပြင်ဂိတ်ထဲမှာပဲ လက်ခံပေးပါတယ်။ အဲဒီမှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပါတယ်။ လက်ဆေးတာတွေ၊ ကျန်းမာရေးစစ်တာတွေ၊ အပူချိန်တိုင်းတာတို့၊ Mask တပ်တာတို့ လုပ်ခိုင်းပါတယ်''ဟု လည်း ၎င်းကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ထုတ်ပြန်ချက််အရ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၂၁၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
>zawgyi<
ကူးစက်ပျံ့မှုများလာခြင်းကြောင့် အင်းစိန်ထောင်တွင် ထောင်ဝင်စာတွေ့ဆုံမှု ရပ်နား
Saturday, September 5, 2020
လက်ရှိအချိန်တွင် COVID-19 ရောဂါသည် ကူးစက်ပျံ့မှုများလာခြင်းကြောင့် ထောင်ဝင်စာတွေ့ဆုံခြင်းကို အင်း စိန်အကျဉ်းထောင်တွင် ရပ်နားလိုက်ကြောင်း သိရသည်။
ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်များပြားလာနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေး ထုတ် ပြန်ချက်များကိုလည်း အကျဉ်းထောင်ထဲတွင် ကပ်ထားကြောင်း၊ လက်ရှိ အချိန်တွင် အကျဉ်းထောင်အတွင်း၌ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာ ၄ ရက်က စတင်ကာ ထောင်ဝင်စာတွေ့ဆုံခြင်းများကို ခေတ္တရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''လူတွေခွင့်ကိုတော့ ကန့်သတ်လိုက်တဲ့သဘောပါ။ အစားအသောက်တော့ ပေးလို့ရပါတယ်။ နှစ်ပတ်တကြိမ်ကို ထောင်ဝင်စာပစ္စည်းလာပို့လို့ရပါတယ်။ အပြင်ဂိတ်ထဲမှာပဲ လက်ခံပေးပါတယ်။ အဲဒီမှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပါတယ်။ လက်ဆေးတာတွေ၊ ကျန်းမာရေးစစ်တာတွေ၊ အပူချိန်တိုင်းတာတို့၊ Mask တပ်တာတို့ လုပ်ခိုင်းပါတယ်''ဟု လည်း ၎င်းကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၂၁၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment