Saturday, September 5, 2020

ရုရှားကာကွယ်ရေးဝန်ကြီးအား ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေး

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီုအီဂူသည် ယမန်နေ့က ပြည်တွင်း ဖြစ် “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံထုတ်“စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက လူသားများနှင့် လက်တွေ့စမ်းသပ်ရာတွင် ပြင်းထန်သောဆိုးကျိုးမရှိပဲ ရောဂါခုခံအား ချက်ချင်း ပြသခဲ့သည်။
လန်ဆက်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကနဉီးတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လက် တွေ့စမ်းသပ်မှု အစောပိုင်းအဆင့် ရလဒ်များအရ ကာကွယ်ဆေးဖော်ထုတ်မှုနှစ်မျိုးက အန္တရာယ်ကင်းကြောင်း ၄၂ ရက်ကြာ သတိပြုမိခဲ့ပြီး ၂၁ ရက်အတွင်း ဆေးထိုးခံသူအားလုံး ရောဂါခုခံအား ပြသခဲ့သည်။
ရုရှားတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် တပ်မတော်အရာရှိများ ပထမဆုံး ဆန္ဒအလျှောက် ဗိုင်းရပ်စ်ကာကွယ်ဆေး အထိုးခံမည်ဖြစ်ပြီး နောက်ပိုင်း တပ်မတော်တစ်ခုလုံးမှ တပ်ဖွဲ့ဝင်များကို ထိုးပေးမည်ဟု ဆာဂျီရှီုအီဂူက ပြောကြားခဲ့သည်။
အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားနိုင်ငံက သြဂုတ်လ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။ သမ္မတ ဗ လာဒီမာပူတင်က ထိုသတင်းကို နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ပြီး သမီးဖြစ်သူတစ်ဦးလည်း ထိုကာကွယ် ဆေးထိုးခဲ့ရာ ဘေးထွက်ဆိုးကျိုးမများပဲ ရောဂါခုခံအားကောင်းမွန်သည်ဟု ဆိုသည်။
>zawgyi<
ရုရှားကာကွယ်ရေးဝန်ကြီးအား ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေး
Saturday, September 5, 2020
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီုအီဂူသည် ယမန်နေ့က ပြည်တွင်း ဖြစ် “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံထုတ်“စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက လူသားများနှင့် လက်တွေ့စမ်းသပ် ရာတွင် ပြင်းထန်သောဆိုးကျိုးမရှိပဲ ရောဂါခုခံအား ချက်ချင်း ပြသခဲ့သည်။
လန်ဆက်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကနဉီးတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လက် တွေ့စမ်းသပ်မှု အစောပိုင်းအဆင့် ရလဒ်များအရ ကာကွယ်ဆေးဖော်ထုတ်မှုနှစ်မျိုးက အန္တရာယ်ကင်းကြောင်း ၄၂ ရက်ကြာ သတိပြုမိခဲ့ပြီး ၂၁ ရက်အတွင်း ဆေးထိုးခံသူအားလုံး ရောဂါခုခံအား ပြသခဲ့သည်။
ရုရှားတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် တပ်မတော်အရာရှိများ ပထမဆုံး ဆန္ဒအလျှောက် ဗိုင်းရပ်စ်ကာကွယ်ဆေး အထိုးခံမည်ဖြစ်ပြီး နောက်ပိုင်း တပ်မတော်တစ်ခုလုံးမှ တပ်ဖွဲ့ဝင်များကို ထိုးပေးမည်ဟု ဆာဂျီရှီုအီဂူက ပြောကြားခဲ့သည်။
အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားနိုင်ငံက သြဂုတ်လ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။ သမ္မတ ဗ လာဒီမာပူတင်က ထိုသတင်းကို နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ပြီး သမီးဖြစ်သူတစ်ဦးလည်း ထိုကာကွယ် ဆေးထိုးခဲ့ရာ ဘေးထွက်ဆိုးကျိုးမများပဲ ရောဂါခုခံအားကောင်းမွန်သည်ဟု ဆိုသည်။

0 comments:

Post a Comment