Saturday, September 5, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က UWSA(ဝ) အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA(ဝ)အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်၊ အောင်ပြည်ဟိန်းရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး UWSA(ဝ)အဖွဲ့မှ ဦးညီကပ် နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ၌ မတ်လမှစ၍ (COVID-19) ရောဂါစတင်ဖြစ်ပေါ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ခဲ့ဘဲ ဩဂုတ်လအစောပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုများ များပြားလာခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း အထိ ရောဂါပိုး အတည်ပြုလူနာ ၁၂၁၆ ဦးရှိပြီဖြစ်ကြောင်း၊ ယခုနှစ် မေလအတွင်း ကျိုင်းတုံမြို့သို့ရောက်ရှိစဉ် UWSA(ဝ)ဒေသအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များလှူဒါန်းပေးအပ်ခဲ့ပြီး UWSA(ဝ)ဒေသအတွင်းလိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ ကို စေလွှတ်ပေးခဲ့ကြောင်း၊ ယခုလည်းလိုအပ်ပါက ထပ်မံစေလွှတ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှု အစောပိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်းနည်းပါးခဲ့သော်လည်း ယခုအချိန်တွင်ဖြစ်ပွားမှုနှုန်း များပြားလာပြီဖြစ်သဖြင့် စည်းကမ်းတကျ နေထိုင်ကြရန်လိုအပ်မည်ဖြစ်ပြီး ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ် လာပါက ထိန်းသိမ်းရန်ခက်ခဲမည်ဖြစ်သဖြင့် စည်းကမ်းတကျဖြစ်စေရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ ကာကွယ်ဆေးများ ထုတ်လုပ်နေပြီဟု ဆိုသော်လည်း တိကျစွာ အသိအမှတ်မပြုနိုင်သေးကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းဆင်ခြင်နေထိုင်ခြင်းသည် သာလျင် အကောင်းဆုံးဖြစ်မည် ဖြစ်ကြောင်း။
လူသားတို့တွင် စားရေးသည် အရေးအကြီးဆုံးဖြစ်သဖြင့် မိမိတို့ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပြီး စားရေး ဖူလုံမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် များသည် ပြင်ပမှ တင်သွင်းရပါက ကုန်ဈေးနှုန်းကြီးမြင့်မည်ဖြစ်သည့်အတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး သာမက စားသောက်ကုန်၊ သုံးကုန်ပစ္စည်းများကိုလည်း ဒေသအတွင်း၌ ထုတ်လုပ်သုံးစွဲ နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသခံများနှင့် တပ်ဖွဲ့ဝင်မိသားစုများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် အထည်ချုပ်လုပ်ငန်းကဲ့သို့သော စက်မှုလုပ်ငန်းများ ကို ဖော်ဆောင်ပေးရန် တိုက်တွန်းအကြံပြုလိုကြောင်း ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လိုအပ်မည်ဖြစ်သဖြင့် မိမိတို့ ကိုယ်တိုင်နှင့် ဒေသခံများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေး ကို ကြည့်ရှုမြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် UWSA(ဝ)အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင် UWSA(ဝ)ဒေသအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သဖြင့် ယခုကဲ့သို့ ပေးအပ်လှူဒါန်းမှုများအပေါ် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့ဒေသအတွင်း၌လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ဝင်ထွက်သွားလာမှုများကို ကန့်သတ်စစ်ဆေး လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တိုင်းပြည် အကျိုး၊ နိုင်ငံ့အကျိုးများကို ဆောင်ရွက်လျက်ရှိသဖြင့် အားလပ်ချိန်ရရှိပြီး အခါအခွင့်သင့် ပါက မိမိတို့ UWSA(ဝ)ဒေသသို့ လာရောက်လည်ပတ်စေလိုပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA(ဝ) အဖွဲ့အတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဦးညီကပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူ ပြီး UWSA(ဝ) အဖွဲ့မှ ဒေသထွက်လက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
>zawgyi<
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က UWSA(ဝ) အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Saturday, September 5, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA(ဝ)အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်၊ အောင်ပြည်ဟိန်းရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး UWSA(ဝ)အဖွဲ့မှ ဦးညီကပ် နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ၌ မတ်လမှစ၍ (COVID-19) ရောဂါစတင်ဖြစ်ပေါ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ခဲ့ဘဲ ဩဂုတ်လအစောပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုများ များပြားလာခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း အထိ ရောဂါပိုး အတည်ပြုလူနာ ၁၂၁၆ ဦးရှိပြီဖြစ်ကြောင်း၊ ယခုနှစ် မေလအတွင်း ကျိုင်းတုံမြို့သို့ရောက်ရှိစဉ် UWSA(ဝ)ဒေသအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များလှူဒါန်းပေးအပ်ခဲ့ပြီး UWSA(ဝ)ဒေသအတွင်းလိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ ကို စေလွှတ်ပေးခဲ့ကြောင်း၊ ယခုလည်းလိုအပ်ပါက ထပ်မံစေလွှတ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှု အစောပိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်းနည်းပါးခဲ့သော်လည်း ယခုအချိန်တွင်ဖြစ်ပွားမှုနှုန်း များပြားလာပြီဖြစ်သဖြင့် စည်းကမ်းတကျ နေထိုင်ကြရန်လိုအပ်မည်ဖြစ်ပြီး ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ် လာပါက ထိန်းသိမ်းရန်ခက်ခဲမည်ဖြစ်သဖြင့် စည်းကမ်းတကျဖြစ်စေရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ ကာကွယ်ဆေးများ ထုတ်လုပ်နေပြီဟု ဆိုသော်လည်း တိကျစွာ အသိအမှတ်မပြုနိုင်သေးကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းဆင်ခြင်နေထိုင်ခြင်းသည် သာလျင် အကောင်းဆုံးဖြစ်မည် ဖြစ်ကြောင်း။
လူသားတို့တွင် စားရေးသည် အရေးအကြီးဆုံးဖြစ်သဖြင့် မိမိတို့ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပြီး စားရေး ဖူလုံမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် များသည် ပြင်ပမှ တင်သွင်းရပါက ကုန်ဈေးနှုန်းကြီးမြင့်မည်ဖြစ်သည့်အတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး သာမက စားသောက်ကုန်၊ သုံးကုန်ပစ္စည်းများကိုလည်း ဒေသအတွင်း၌ ထုတ်လုပ်သုံးစွဲ နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသခံများနှင့် တပ်ဖွဲ့ဝင်မိသားစုများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် အထည်ချုပ်လုပ်ငန်းကဲ့သို့သော စက်မှုလုပ်ငန်းများ ကို ဖော်ဆောင်ပေးရန် တိုက်တွန်းအကြံပြုလိုကြောင်း ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လိုအပ်မည်ဖြစ်သဖြင့် မိမိတို့ ကိုယ်တိုင်နှင့် ဒေသခံများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေး ကို ကြည့်ရှုမြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် UWSA(ဝ)အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင် UWSA(ဝ)ဒေသအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သဖြင့် ယခုကဲ့သို့ ပေးအပ်လှူဒါန်းမှုများအပေါ် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့ဒေသအတွင်း၌လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ဝင်ထွက်သွားလာမှုများကို ကန့်သတ်စစ်ဆေး လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တိုင်းပြည် အကျိုး၊ နိုင်ငံ့အကျိုးများကို ဆောင်ရွက်လျက်ရှိသဖြင့် အားလပ်ချိန်ရရှိပြီး အခါအခွင့်သင့် ပါက မိမိတို့ UWSA(ဝ)ဒေသသို့ လာရောက်လည်ပတ်စေလိုပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA(ဝ) အဖွဲ့အတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဦးညီကပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူ ပြီး UWSA(ဝ) အဖွဲ့မှ ဒေသထွက်လက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment