Saturday, September 5, 2020

အိန္ဒိယနိုင်ငံသည် နေ့စဉ်ကူးစက်မှုနှုန်းထားအရ ဒုတိယအများဆုံး ဘရာဇီးအား ၂၄-နာရီအတွင်း ကျော်ဖြတ်သွားတော့မည်

အိန္ဒိယနိုင်ငံသည် ယနေ့နံနက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄,၀၂၃,၁၇၉ ( ၄-သန်းကျော် ) လာပြီး နေ့စဉ်ကူးစက်မှုနှုန်းထားအရ နိုင်ငံတကာ ဒုတိယအများဆုံး ဘရာဇီးအား ၂၄-နာရီအတွင်း ကျော်ဖြတ်သွားတော့မည်ဖြစ်သည်။
သောကြာနေ့နံနက်အထိ အိန္ဒိယတွင် ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၈၃,၃၄၁-ဦး ရှိနေပြီး ကူးစက်မှု နေ့စဉ်ပုံမှန်တိုးမြင့်လျှက်ရှိသဖြင့် နိုင်ငံတကာကူးစက်ခံရမှုအများဆုံး အမေရိကန်ကို အမှီလိုက်နေသယောင်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။
အိန္ဒိယ၏ တင်းကြပ်သော Lock down တားဆီးပိတ်ဆို့ခြင်းဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သို့သော် ပြည်နယ်အစိုးရများ၏ စီးပွားရေးနလံထူစေရန် အားသွန်ဆောင်ရွက်မှုများမှာ ကူးစက်မှုတားဆီးရေးကန့်သတ်ချက်များကို အားလျှော့စေသည်။ အိန္ဒိယမြို့ကြီးများ၏ လူနေထူထပ်ခြင်း၊ လူနေမှုပုံစံနှင့် ကူးစက်ခံရသူများအား နောက်ကြောင်းပြန်ခြေရာကောက်ရန် ခက်ခဲခြင်းတို့မှာ ပြဿနာဖြစ်လျှက်ရှိနေသည်။
Lock down ကာလ မြို့ပြဧရိယာများ၌သာ အများဆုံးတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် တားဆီးပိတ်ဆို့ခြင်းများကို ဖြေလျှော့ပေးသည့် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ကျေးလက်ဒေသများသို့ ပြန်နှံ့လာခဲ့သည်။
ဘင်္ဂလားဒက်ရှ်တွင်လည်း သောကြာနေ့ တစ်ရက်တည်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉၂၉-ဦး၊ သေဆုံး သူ ၂၉-ဦးရှိနေကြောင်း Xinhua က ယမန်နေ့ရေးသားသည်။
ယခင်ရက်သတ္တပတ်၌မူ နေ့စဉ် သေဆုံး ၄၀-ဦးခန့်၊ ကူးစက်ခံရသူ ၄,၀၀၀ ဝန်းကျင်ရှိနေဆဲဖြစ်ပြီး ကူးစက်မှု များမှာ နယ်စပ်ဒေသများတွင် အများဆုံးတွေ့ရကြောင်း ဘင်္ဂလားဒက်ရှ် ကျန်းမာရေးဝန်ဆောင်မှု အထွေထွေ ဦးစီးဌာန ( DGHS ) က ပြောဆိုခဲ့သည်။
>zawgyi<

0 comments:

Post a Comment