Sunday, February 3, 2019

ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် လူထုလှုပ်ရှား လမ်းလျှောက်ပွဲကျင်းပ



ဖေဖော်ဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု လမ်းလျှောက်ပွဲကို ရန်ကုန်မြို့က ဗဟန်းဘောလုံးကွင်းမှာ ဒီကနေ့ မနက်အစောပိုင်းက ကျင်းပပါတယ်။ 

အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ချိန်သားကိုက် ရွှေ့ ပြီ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အာဏာရရှိခဲ့သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးက သူ၏ ရွေးကောက်ပွဲ ကတိ များထဲမှ တခုဖြစ်သည်။ သြဂုတ်လအတွင်း စင်ကာပူ၌ ပြုလုပ်ခဲ့သော ဖိုရမ်တခုတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က “အခြေခံဥပဒေပြင်ဆင်ရေးက ကျမတို့ အစိုးရရဲ့ ရည်မှန်းချက်တွေထဲက တခုပါ” ဟု သူ၏ ကတိကို ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။ 

ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်းကို ဖေဖော်ဝါရီလ(၅) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သွားမည်




ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်းကို ဖေဖော်ဝါရီလ(၅) ရက်နေ့မှ စတင်၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းထုတ်ပြန်လိုက်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ 

ကားပါကင်ကိစ္စ အချင်းများရာမှ ပရဟိတဆေးခန်း ဆရာဝန် လူသတ်မှုဖြစ်

ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာနှင့် မီလီယာဟိုတယ်ကြားတွင် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၁ နာရီက ကားပါကင်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ လူသေဆုံးခဲ့သောကြောင့် ပရဟိတဆေးခန်း ဆရာဝန် ကို လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မြစ်ခြေတွင် နေအိမ် ၄ လုံးမီးလောင်


မကွေးတိုင်း မြစ်ခြေမြို့ အမှတ် ၄ ရပ်ကွက်၊ ဆွဲကြီးရပ်တွင် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မီးလှုံပြီးထားခဲ့သောမီးဖိုမှတစ်ဆင့် မီးကူးပြီး နေအိမ် ၄ လုံးမီးလောင်ခဲ့ကြောင်း ယင်းမြို့မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။ 

ဘုန်းကြီးလမ်းတွင် ချစ်သူနှင့်တွဲလာသော အမျိုးသမီးကို ရည်းစားဟောင်းဖြစ်သူ ဓားဖြင့်ဆင့်ထိုး

လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က ချစ်သူနှင့်တွဲလာသော အမျိုးသမီးကို အသက် ၂၂ နှစ် အရွယ် အမျိုးသမီးကို ရည်းစားဟောင်းဖြစ်သူ အမျိုးသားက ဓားဖြင့် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ 

ကလေးမြို့တွင် ရင်ချင်းဆက် အမြွှာမိန်းကလေးနှစ်ဦး မွေးဖွားပြီး နာရီ ၄၀ ခန့်အကြာတွင် သေဆုံး


ကလေးမြို့တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာမိန်းကလေးနှစ်ဦးကို မွေးဖွားခဲ့ပြီး ဖေဖ်ာဝါရီ ၃ ရက် နံနက် ၂ နာရီ မိနစ် ၄၀ တွင် သေဆုံးသွားခဲ့သည်ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် သိရသည်။ 

ပြင်သစ် Yellow Vest ဆန္ဒပြပွဲများအတွင်း ရဲတို့၏ အကြမ်းဖက်မှုများကို ဆန့်ကျင်


အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ပြင်သစ်ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ ရှုတ်ချရန်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်အစိုးရကို ဆက်လက်ဖိအားပေးရန်အတွက် ဖေဖော်ဝါရီ ၂ ရက်က Yellow Vest ဆန္ဒပြသူများ ပါရီလမ်းမများထက်သို့ ရောက်ရှိခဲ့ကြပြန်သည်။ ၁၂ ပတ်မြောက်ဖြစ်သော ယခုတစ်ကြိမ် Yellow Vest ဆန္ဒပြမှုများတွင် အများစုမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။ 

ဗင်နီဇွဲလားမှာ ကန်စစ်ရေးဝင်စွက်ဖို့ ရွေးချယ်စရာတခုအဖြစ် သမ္မတပြောကြား



ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးဝင်စွက်မှုဟာ ရွေးချယ်စရာတခု အနေနဲ့ ရှိနေကြောင်း အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့ CBS ရုပ်သံနဲ့ မေးမြန်းခန်းမှာ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ 

တပ်မတော်၏ အပစ်ရပ်ကြေညာချက် ထောက်ခံပွဲတွင် သံဃာအချို့အပါအ၀င် လူထောင်ချီဆန္ဒဖော်ထုတ် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရာကျသည့် ညွှန်ကြားချက်များသာ တပ်မတော်က လိုက်နာမည်ဟု ဦးလှဆွေ ဟောပြော


တပ်မတော်အနေဖြင့် အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ရာကျသည့် အစိုးရ ၏ ညွှန်ကြားချက်များသာ လိုက် နာမည်ဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်း ဦးလှဆွေကပြောသည်။ 

ဗိုလ်ချုပ်ရုပ်တု နေရာပြောင်းရွှေ့ပေးရန် ပြည်နယ်ဒီချုပ်ရုံးရှေ့ သပိတ်စခန်းဖွင့်တောင်းဆို


ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုကို ကန့်ကွက်သည့်ဦးဆောင်သူ ၄၀ ခန့်က ဒီချုပ်ပါတီဗဟိုတာဝန် ရှိသူများနှင့် တွေ့ဆုံခွင့်ရရှိရန် ကယားပြည်နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ် စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်နေသည်။ 

ထိုင်းအစိုးရက မိဘမဲ့မြန်မာကလေးငယ်များကို ပထမဆုံးအကြိမ် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး


ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ SAW ဖောင်ဒေးရှင်း၏ ChildrenCrisis Center တွင် စောင့်ရှောက် ထားသော မြန်မာမိဘမဲ့ကလေး ၅၀ ကျော်ကို ထိုင်းအစိုးရက ပထမအကြိမ် ထိုင်းနိုင်ငံသား မှတ်ပုံတင်ထုတ်ပေးခဲ့သည်။ 

ကျွမ်းကျင်လုပ်သားနှင့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးရန် ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်


ပညာရေးဝန်ကြီးဌာန နှင့်စီးပွားရေးလုပ်ငန်းရှင်များ ပထမဆုံးတွေ့ဆုံပွဲတွင် ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးသိန်းဟန်က ပြောသည်။ 

ဧရာဝတီမြစ်ဆုံတွင် ဆည်ဆောက်မည့်အစီအစဉ် လုံးဝဖျက်သိမ်းသင့်ဟု ဒေါက်တာထွန်းလွင် ပြောကြား


ဧရာဝတီမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်မည့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းသင့်သည်ဟု ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်များ နှင့် စာပေပညာရှင်များက မြစ်ဆုံ ရေကာတာ ဖျက်သိမ်းရေး ပညာရှင်များ ဟောပြောပွဲ၌ ပြောကြားသည်။ 

အစိုးရ၊ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရေး SSPP က စာပို့တောင်းဆို

အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရေး ဖေဖော်ဝါရီ ၁ ရက်က စာပို့တောင်းဆိုထား ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကပြောသည်။ 

ပဋိပက္ခဖြစ်နေသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး SNLD ထပ်မံကြိုးပမ်းမည်

နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွား နေသော ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေးနိုင် ရေး ဖေဖော်ဝါရီ ၇ ရက်တွင် RCSS ဌာနချုပ်၌ ကျင်းပမည့် ရှမ်းအမျိုးသားနေ့ အခမ်းအနား ခရီးစဉ်တွင် ထပ်မံကြိုးပမ်းမည် ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် (SNLD) ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။ 

အစိုးရနှင့် KIO တရားဝင်ဆွေးနွေးပွဲ ပြည်ထောင်စုနေ့ဝန်းကျင်ပြုလုပ်နိုင်ဖွယ်ရှိဟု PCG ပြော


အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုယ်စားလှယ်အဖွဲ့ တို့၏ တရားဝင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင် စုနေ့ဝန်းကျင်၌ ပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း ဆွေးနွေးပွဲဖြစ်မြောက် ရေး ကြားဝင်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးဆန်း အောင်က ပြောသည်။ 

တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်းနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများမှ ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်တွင် ပြုလုပ်


ဖေဖော်ဝါရီလ ၃ ယနေ့ နေ့လယ် ၂နာရီ ကျော် အချိန်ကစပြီး “တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်းနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများမှ ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ”တစ်ခုကို ရန်ကုန် ရေခဲဆိုင်မှတ်တိုင်ကနေ ဆူးလေ စေတီတော်အထိ စီတန်းလမ်းလျှောက်ပြီးပြုလုပ်ခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်သို့သွားမည် ယခုနှစ်အတွင်း သုံးခုမြောက်ပြည်နယ်ခရီးစဉ် ဖြစ်လာ


နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဖေဖော်ဝါရီ ၅ ရက် တွင်ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ လာရောက်မည်ဖြစ်ကြောင်း ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။ 

Thursday, January 31, 2019

ဖျာပုံတွင် ၉ တန်း နှင့် ၁၀ တန်း ကျောင်းသားများကို သင်ကြားပေးနေသည့် ဘော်ဒါဆောင်မီးလောင်မှုဖြစ်၊ စာအုပ်များ မီးလောင်ပျက်စီး


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၇) ရပ်ကွက် မေဒါဝီလမ်းရှိ စန္ဒာမင်းစိုး ဘောဒါဆောင်တွင် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။