Sunday, February 3, 2019

တပ်မတော်၏ အပစ်ရပ်ကြေညာချက် ထောက်ခံပွဲတွင် သံဃာအချို့အပါအ၀င် လူထောင်ချီဆန္ဒဖော်ထုတ် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရာကျသည့် ညွှန်ကြားချက်များသာ တပ်မတော်က လိုက်နာမည်ဟု ဦးလှဆွေ ဟောပြော


တပ်မတော်အနေဖြင့် အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ရာကျသည့် အစိုးရ ၏ ညွှန်ကြားချက်များသာ လိုက် နာမည်ဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်း ဦးလှဆွေကပြောသည်။ 
‘‘ခိုင်းလိုက်တဲ့ကိစ္စတစ်ခုဟာ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ရာ ကျတယ်ဆိုရင် တပ်မတော်က လိုက်နာမှာပဲ။ အ မျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ရာမကျဘူးဆိုရင် နားထောင်စရာလိုလား’’ဟု ဦးလှဆွေကမေးရာ တပ်မတော်ထောက်ခံပွဲ တက်ရောက်လာသူများက ‘‘မလိုဘူး’’ဟု သံပြိုင်ကြွေးကြော် ၍ ပြန်လည်ဖြေကြားသည်။ 

ဖေဖော်ဝါရီ ၃ ရက်က ရန် ကုန်မြို့တွင် ပြုလုပ်သည့် တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး ကြေညာချက်ကို ကြိုဆို ခြင်းနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများက ငြိမ်းချမ်းရေးအတွက် အတူပူးပေါင်းပါဝင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ယင်းသို့ပြောကြားခဲ့သည်။ 

ထို့ကြောင့် တပ်မတော်သည် အစိုးရက ခိုင်းသည့်အတိုင်း လုပ်ဆောင်မည်မဟုတ်ဘဲ ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်နိုင်သည့် အမိန့်၊ ညွှန်ကြား ချက်များကိုသာ လိုက်နာဆောင်ရွက်၍ အချုပ်အခြာအာဏာထိ ပါးစေသည့် ညွှန်ကြားချက်များ ကို နားထောင်မည် မဟုတ် ကြောင်း ဦးလှဆွေကပြောသည်။ 

တပ်မတော်သမိုင်းတစ် လျှောက် တစ်ခါမျှ မထုတ်ပြန်ဖူး သော တစ်ဖက်သတ် အပစ်အ ခတ်ရပ်စဲရေးကို လက်ရှိအစိုးရ လက်ထက်တွင် ထုတ်ပြန်၍ နိုင်ငံ တော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တစ်သဝေမတိမ်းလိုက်နာ ဆောင်ရွက်နေသဖြင့် တပ်မတော် ကို ပြည်သူလူထုက ထောက်ခံရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်ဟောင်းလည်း ဖြစ်သူ ၎င်းကဆိုသည်။ 

အဆိုပါ အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာချက်တွင် ရခိုင်ပြည်နယ် မပါဝင်ခြင်းသည် AA လက်နက်ကိုင်တပ်ဖွဲ့ကို တိုက်ခိုက်လို၍ မဟုတ်ကြောင်းနှင့် အာဆာအကြမ်းဖက်အဖွဲ့ လှုပ်ရှားနေသဖြင့် ချန်ထားခြင်းဖြစ် ကြောင်း ဦးလှဆွေကပြောကြား သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံ တော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် ပုဒ်မပြင်ဆင်ခြင်း အား သဘောမတူကြောင်း ၎င်း က ဆက်လက်ပြောသည်။

7Day

0 comments:

Post a Comment