Sunday, February 3, 2019

ကျွမ်းကျင်လုပ်သားနှင့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးရန် ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်


ပညာရေးဝန်ကြီးဌာန နှင့်စီးပွားရေးလုပ်ငန်းရှင်များ ပထမဆုံးတွေ့ဆုံပွဲတွင် ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးသိန်းဟန်က ပြောသည်။ 
ကျွမ်းကျင်လုပ်သားရှားပါး နေသော စီးပွားရေးလုပ်ငန်းများ နှင့် အလုပ်ရရှိရန်ခက်ခဲနေသော ဘွဲ့ရပညာတတ်လူငယ်များ ချိတ် ဆက်မိစေရန် ပူးပေါင်းဆောင် ရွက်မှုစတင်ခြင်းဖြစ်ကြောင်း ဖေ ဖော်ဝါရီ ၂ ရက်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဦးသိန်းဟန်က ပြောသည်။ 

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ဘွဲ့ရပညာ တတ်များကို သက်ဆိုင်ရာလုပ် ငန်းကဏ္ဍများတွင် ပါဝင်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်မည်ဟု၎င်းကပြောသည်။ 

‘‘ပညာရေးနဲ့ စီးပွားရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာပါ’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းကလည်း ဆို သည်။ 

ပညာရေးနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုတွင် သုတေ သနလုပ်ငန်းများ၌လည်း စီးပွား ရေးလုပ်ငန်းရှင်များပါဝင်နိုင်ရန် ဆွေးနွေးနေကြောင်း ဦးဇော်မင်း ၀င်းက ပြောသည်။ 

စီးပွားရေးလုပ်ငန်းရှင်များ က မိမိလိုအပ်သည့်အချက်အ လက်များရရှိရန် တက္ကသိုလ်များ နှင့် ပူးပေါင်းပြီး သုတေသနလုပ် ငန်းများလုပ်ဆောင်နိုင်မည့် အစီ အစဉ်များ ရရှိလာနိုင်မည်ဟု ဦးသိန်းဟန်ကပြောသည်။သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး စီး ပွားရေးလုပ်ငန်းရှင်များ ပိုမိုပူး ပေါင်းဆောင်ရွက်မည်ဖြစ်သည်။ 

တက္ကသိုလ်များတွင် သုတေ သနလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်ပြီး ယင်းရလဒ်များမှဆွေး နွေးအကြံပြုချက်များအပေါ် မူ တည်၍ သုတေသနစာတမ်းများ တိုးမြှင့်ရရှိရေး အားပေးဆောင် ရွက်ရန်စီစဉ်ထားသည်။ 

လက်တွေ့ဘ၀နှင့် နီးစပ် သည့်သင်ကြား၊ သင်ယူမှုများ စာ သင်ခန်းများတွင် ဆောင်ရွက်နိုင် မှသာ ဘွဲ့ရကျောင်းသူ၊ ကျောင်း သားများ လက်တွေ့လုပ်ငန်းခွင် နှင့် နီးစပ်သည့်အရည်အချင်း ရရှိမည်ဖြစ်သည်။ ထို့အပြင် အ သုံးချသုတေသနရလဒ်များက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး တိုက်ရိုက်အကျိုးပြုနိုင်မည် ဖြစ် သည်။ 

ပညာရေးဝန်ကြီးဌာနနှင့် စီး ပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲကို သုံးလတစ်ကြိမ်ခန့်ဆောင် ရွက်နိုင်ရန် စီစဉ်ထားပြီး ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ အ ထူးအဖွဲ့များဖွဲ့စည်းမည်ဟု ဦး သိန်းဟန်ကပြောသည်။ 

ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဆောင်ပြီး ပြု လုပ်သည့် ပညာရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး ပွဲကို ရန်ကုန်မြို့ရှိ တက္ကသိုလ်များ မှ ပါမောက္ခ ၂၀ ဦးခန့် တက် ရောက်ခဲ့သည်။ 

‘‘ပညာရေးနှင့် စီးပွားရေး ကဏ္ဍပူးပေါင်းလုပ်ဆောင်ခြင်း က အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအစစ်ဖြစ်တယ်’’ ဟု ကုန်သည် စက်မှုအသင်းချုပ်အ ကြံပေးပုဂ္ဂိုလ်ပါမောက္ခဒေါက် တာအောင်ထွန်းသက်က ပြော သည်။ ပညာရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို ပုဂ္ဂ လိကနှင့် အစိုးရက လုပ်ငန်းကော် မတီများဖွဲ့စည်းပြီး ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်သည်ဟု လည်း ၎င်းကတိုက်တွန်းသည်။

7Day

0 comments:

Post a Comment