Sunday, February 3, 2019

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်သို့သွားမည် ယခုနှစ်အတွင်း သုံးခုမြောက်ပြည်နယ်ခရီးစဉ် ဖြစ်လာ


နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဖေဖော်ဝါရီ ၅ ရက် တွင်ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ လာရောက်မည်ဖြစ်ကြောင်း ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။ 
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင် မီ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိတာ ချီလိတ်မြို့သို့ သွားရောက်ခဲ့သော် လည်း ကျန်ရှမ်းအရှေ့ပိုင်းရှိမြို့ များဖြစ်သော မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်းမြို့နယ်များသို့ လာ ရောက်မည့် ပထမဆုံးနိုင်ငံ့အကြီး အကဲဖြစ်လာမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မိုင်း တုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးဆန်းဝင်းအောင်ကပြော သည်။ 

‘‘ဦးသိန်းစိန်ခေတ်တုန်းက လည်း နိုင်ငံတော်အကြီးအကဲတွေ တစ်ယောက်မှ မလာဘူး။ သူက ပထမဆုံးလာတဲ့နိုင်ငံတော်အ ကြီးအကဲပဲ။ သူတို့ (ဒေသခံတွေ) က ကြိုကြမှာပေါ့ဗျာ။ ကျွန်တော် တို့ဘက်က လားဟူတွေရှိတော့ (လားဟူတွေက) မမြင်ဖူးဘူးပေါ့ ဗျာ။ သူတို့ရိုးရာတွေနဲ့ ကြိုမယ်ဆို ပြီး စီစဉ်နေကြတာပေါ့’’ ဟု ၎င်း ကဆိုသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တာချီလိတ်၊မိုင်း ယောင်း၊ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်း ဆတ်မြို့များတွင် ဒေသခံပြည်သူ လူထုနှင့် တွေ့ဆုံမည်ဖြစ်ပြီး တောင်ကြီးမြို့သို့ ခရီးဆက်မည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်မဲ ဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်တင့်က ပြောသည်။ ထို့ အပြင် ခရီးစဉ်အတွင်း သံလွင်မြစ် ကူးတာဆန်းတံတား ပန္နက်တင်အခမ်းအနားသို့လည်း တက် ရောက်ရန်စီစဉ်ထားသည်။ 

‘‘သူ (ဒေါ်အောင်ဆန်းစု ကြည်) အသက်ဒီလောက်ကြီးမှ သွားလာနေရတာ သနားတာပေါ့။ ခရီးပန်းတာပေါ့။ ဒီလိုခေါင်း ဆောင်တစ်ယောက်က နယ်စပ် တွေသွားတဲ့အတွက် တိုင်းရင်း သားတွေအားရှိတာပေါ့။ တိုင်း ရင်းသားတွေ လိုအပ်ချက်တွေ တင်ပြခွင့်ရတာပေါ့’’ဟု ဦးဆန်း ၀င်းအောင်ကပြောသည်။ 

မိုင်းတုံမြို့လူထုတွေ့ဆုံပွဲ တွင် ထိုင်းနိုင်ငံဝင်ထွက်ဂိတ်ဘီ ဘီဝမ်းဂိတ်ဖွင့်ပေးရေး၊ ကြက် သွန်ဖြူ၊ ပြောင်း၊ နှမ်းစသည့် သီး နှံများဈေးကောင်းရရှိရေး၊ လူနေ မှုနှင့် စီးပွားရေးကောင်းမွန်ရေး စသည့် ကိစ္စများကို တင်ပြမည် ဖြစ်ကြောင်း၎င်းက ပြောသည်။ 

အထက်ပါခရီးစဉ်သည် ဒေါ် အောင်ဆန်းစုကြည်၏ ၂၀၁၉ အတွင်း သုံးကြိမ်မြောက်ပြည်နယ် ခရီးစဉ်ဖြစ်ပြီး ဇန်ဝါရီအတွင်း ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် သို့ သွားရောက်ကာ လူထုတွေ့ဆုံ ပွဲများပြုလုပ်ခဲ့သည်။


7Day

0 comments:

Post a Comment