Sunday, February 3, 2019

ပဋိပက္ခဖြစ်နေသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး SNLD ထပ်မံကြိုးပမ်းမည်

နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွား နေသော ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေးနိုင် ရေး ဖေဖော်ဝါရီ ၇ ရက်တွင် RCSS ဌာနချုပ်၌ ကျင်းပမည့် ရှမ်းအမျိုးသားနေ့ အခမ်းအနား ခရီးစဉ်တွင် ထပ်မံကြိုးပမ်းမည် ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် (SNLD) ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။ 
အဆိုပါ ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(SSJAC)ကို ဖိတ်ကြားထားကြောင်း ၎င်းက ဆိုသည်။ SSJAC သည် SNLD နှင့် SSPP တို့ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ် သည်။ RCSS ဌာနချုပ်၌ ကျင်းပ မည့် ရှမ်းအမျိုးသားနေ့ အခမ်းအ နားသို့ SSJAC ကိုယ်စားလှယ်အ ဖွဲ့ သွားရောက်မည်ဖြစ်ရာ အခမ်း အနားမကျင်းပမီ တစ်ရက် (သို့မ ဟုတ်) အခမ်းအနားအပြီး နောက် တစ်ရက်တွင် RCSS နှင့် ဆွေး နွေးရန် စီစဉ်ထားကြောင်း ဦးစိုင်း လိတ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။ 

‘‘ရှမ်းနှစ်ဖွဲ့ကြားထဲမှာ ဖြစ် နေတဲ့ နယ်မြေဆိုင်ရာ အငြင်းပွား မှုပြဿနာကို အမြန်ဆုံးရှင်းလင်း ဖို့၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ အတွက်ကို ကျွန်တော်တို့ကိုယ် စားလှယ်တွေက ညှိနှိုင်းမှာဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။ 

RCSS နှင့် SSPP တို့သည် ၂၀၁၈ နှစ်လယ်ကစ၍ ရှမ်းပြည် မြောက်ပိုင်းဒေသများ၌ တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ် ပွားမှုနှင့် ပတ်သက်ပြီး ၂၀၁၈ သြ ဂုတ်တွင် တောင်ကြီးမြို့၌ တွေ့ ဆုံဆွေးနွေးခဲ့သော်လည်း မပြေ လည်ဘဲ ဆွေးနွေးပွဲများ ဆက် လက် မကျင်းပနိုင်ဖြစ်နေသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့နယ် များမှ RCSS တပ်ဖွဲ့များ ဆုတ်ခွာ ပေးပါက ၂၄ နာရီအတွင်း ဆွေး နွေးရန်အသင့်ရှိကြောင်း SSPP ဥက္ကဋ္ဌရုံး တာဝန်ခံ ဗိုလ်မှူးစိုင်း သန်းအောင်က ပြောကြားထားပြီး RCSS ကမူ ၎င်းတို့၏ တပ်ဖွဲ့များ ဆုတ်ခွာရန် မဖြစ်နိုင်ဟု တုံ့ပြန် ထားသည်။ 

RCSS နှင့် SSPP တို့၏ တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးဒုက္ခကြုံခဲ့ရပြီး နေရပ်စွန့် ခွာ တိမ်းရှောင်ရခြင်း၊ သေဆုံး၊ ဒဏ်ရာရခြင်းများရှိခဲ့သည်။ 

RCSS နှင့် SSPP အပါအ ဝင် နယ်မြေကျော်လွန်လှုပ်ရှားနေ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် ဖေဖော် ဝါရီ ၁၂ ရက် နောက်ဆုံးထားပြီး သတ်မှတ်နယ်မြေများသို့ ပြန် လည်ဆုတ်ခွာရန် ဇန်နဝါရီ ၂၅ ရက်တွင် တပ်မတော်က သတိ ပေးချက်ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment