Sunday, February 3, 2019

ဧရာဝတီမြစ်ဆုံတွင် ဆည်ဆောက်မည့်အစီအစဉ် လုံးဝဖျက်သိမ်းသင့်ဟု ဒေါက်တာထွန်းလွင် ပြောကြား


ဧရာဝတီမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်မည့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းသင့်သည်ဟု ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်များ နှင့် စာပေပညာရှင်များက မြစ်ဆုံ ရေကာတာ ဖျက်သိမ်းရေး ပညာရှင်များ ဟောပြောပွဲ၌ ပြောကြားသည်။ 
မြစ်ဆုံရေကာတာ ဖျက်သိမ်းရေးပညာရှင်များ ဟောပြောပွဲနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၃ ရက် တွင် နာရေးကူညီမှုအသင်းရှိ သုခ ခန်းမ၌ ပြုလုပ်ခဲ့သည်။ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ စာပေပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက တညီတညွတ်တည်း ပြောကြား သည်။ 

အစိုးရဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မြစ်ဆုံဆည်၏ အရွယ်အစားကို လျှော့ချခြင်း၊ အခြားနေရာသို့ ပြောင်းရွှေ့လုပ် ဆောင်ခြင်း နည်းလမ်းများကို သတင်းမီဒီယာများတွင် ပြော ကြားသဖြင့် ဧရာဝတီမြစ်ပေါ်၌မည်သည့်ဆည်တမံစီမံကိန်းမျှ ဆောက်လုပ်မည်ကိုလက်သင့်မခံ နိုင်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။ 

‘‘ကျွန်တော့်အနေနဲ့ကတော့ ဧရာဝတီမြစ်မှာ ဆောက်မယ်ဆို ရင် မူအားဖြင့်တော့ ဘယ်ဟာမှ လက်မခံဘူး။ မြစ်ဆုံဆိုရင် ရာနှုန်းပြည့် လုံးဝဖျက်သိမ်းသင့်တယ် ပြောချင်တယ်’’ဟု ၎င်းက ဆို သည်။ 

မြစ်ကိုပိတ်၍ ဆည်တမံကြီး များ ဆောက်လုပ်ပါက မြစ် အောက်ပိုင်းတစ်လျှောက် ရေ လမ်းကြောင်းများ ပြောင်းလဲကာ နုန်းကျမှုများလာခြင်း၊ စိုက်ပျိုးရေ ဖြစ်ထွန်းမှုမရှိခြင်းတို့ ကြုံတွေ့ လာရမည်ဖြစ်သဖြင့် စီမံကိန်းကို ကန့်ကွက်သည်ဟု ဆိုသည်။ 

‘‘ဧရာဝတီမြစ်ဆုံမှာ ဆည် လုပ်မယ့်ကိစ္စကို လုံးဝကန့်ကွက် ပါတယ်လို့ ပြောခဲ့ပါတယ်။ ကန့် ကွက်တယ်ဆိုတဲ့ သဘောထားက ဒီနေ့အထိပဲ လုံးဝမပြောင်းလဲပါ ဘူး’’ဟု ဒေါက်တာထွန်းလွင်က ဆက်လက်ပြောသည်။ 

ထို့အပြင် စီမံကိန်းတည်ရှိ ရာ ကချင်ပြည်နယ်သည် စစ်မက် ပဋိပက္ခဖြစ်ပွားရာနေရာဖြစ်ပြီး လူအများ နေရပ်စွန့်ခွာနေရသော ထိခိုက်လွယ်ဒေသဖြစ်သဖြင့် စီမံ ကိန်းကြောင့် ပြင်ပမှ လူအများ အပြား ရောက်ရှိလာပါက ဒေသခံ များ ဒုက္ခများနှင့် ဖိအားများ ပိုမိုကြုံတွေ့လာရမည်ဟု မောင်မြင့် ဇော် (သဘာဝဘေးအန္တရာယ်နှင့်သယံဇာတ စီမံခန့်ခွဲမှုပါရဂူ)က ပြောကြားသည်။ 

‘‘အမျိုးသမီးတွေ၊ ကလေး ငယ်တွေ၊ ရွှေ့ပြောင်းလာသူတွေ ရဲ့ ဖိအားတွေအောက်မှာ ဒုက္ခများ မယ့် လူမျိုးစုတိုင်းရင်းသားတွေကို မမေ့လျော့သောအားဖြင့် ဒီမြစ် စီမံကိန်းကိုတားဆီးတာပါ’’ ဟု ဒေါက်တာမြင့်ဇော်ကပြောသည်။ 

ဆရာမောင်စိန်ဝင်း (ပုတီး ကုန်း)က ‘‘ပညာရပ်ဆိုင်ရာ မဟုတ်ဘဲနဲ့ ပြည်သူတစ်ယောက် အနေနဲ့တောင် အမေနဲ့တူတဲ့ ဧရာဝတီကို အထိမခံနိုင်ပါဘူး’’ဟု ပြောသည်။ 

မြစ်ဆုံရေကာတာ ဖျက် သိမ်းရေးပညာရှင်များ ဟောပြော ပွဲတွင် ဒေါက်တာထွန်းလွင် (မိုး လေဝသ)၊ ဒေါက်တာခင်မောင် ညို၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မောင်မြင့်ဇော် (သဘာဝဘေး အန္တရာယ်နှင့် သယံဇာတစီမံခန့်ခွဲ မှု ပါရဂူ)တို့က မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး ဟော ပြောခဲ့သည်။

7Day

0 comments:

Post a Comment