Sunday, February 3, 2019

မြစ်ခြေတွင် နေအိမ် ၄ လုံးမီးလောင်


မကွေးတိုင်း မြစ်ခြေမြို့ အမှတ် ၄ ရပ်ကွက်၊ ဆွဲကြီးရပ်တွင် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မီးလှုံပြီးထားခဲ့သောမီးဖိုမှတစ်ဆင့် မီးကူးပြီး နေအိမ် ၄ လုံးမီးလောင်ခဲ့ကြောင်း ယင်းမြို့မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။ 
ဒေါ်ခင်လှ (၇၀နှစ်) သည် ၎င်းပိုင်ခြေတံရှည်အိမ်အောက်တွင် မနက်ခင်းမီးလှုံပြီးနောက် ငြှိမ်းသတ်ခြင်းမရှိဘဲ အပြင်သွားစဉ် နေအိမ်အကာကိုကူးစက်ပြီး နေအိမ် ၄ လုံးမီးလောင်ခြင်းဖြစ်သည်။ 

မီးလောင်မှုကြောင့် ကျပ်ရှစ်သိန်းခွဲကျော်ဖိုး ဆုံးရှုံးခဲ့သည်။ မီးပေါ့ဆစွာ သုံးစွဲသူ အသက် ၇၀ နှစ်အရွယ် ဒေါ်ခင်လှကို မြစ်ခြေမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားသည်ဟု မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment