Sunday, February 3, 2019

ဗိုလ်ချုပ်ရုပ်တု နေရာပြောင်းရွှေ့ပေးရန် ပြည်နယ်ဒီချုပ်ရုံးရှေ့ သပိတ်စခန်းဖွင့်တောင်းဆို


ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုကို ကန့်ကွက်သည့်ဦးဆောင်သူ ၄၀ ခန့်က ဒီချုပ်ပါတီဗဟိုတာဝန် ရှိသူများနှင့် တွေ့ဆုံခွင့်ရရှိရန် ကယားပြည်နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ် စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်နေသည်။ 
စိုက်ထူပြီးသော ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကြေးရုပ်တုရွှေ့ဆိုင်းပေးရေး တင်ပြရန် ဆန္ဒပြ လူငယ်များက ကယားပြည်နယ် ဒီချုပ်ရုံးသို့ ဖေ ဖော်ဝါရီ၂ရက်တွင် စတင်ရောက် ရှိနေသည့် ဒီချုပ်ပါတီ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်တို့နှင့် ဖေဖော်ဝါရီ ၃ ရက်ည ၈ နာရီခွဲအထိ တွေ့ဆုံ ခွင့်မရသးပေ။ 

‘‘အခုချိန်ထိတွေ့ခွင့်မရ သေးဘူး။ ကျွန်တော်တို့ ရုံးရှေ့မှာ ဆက်ပြီး စောင့်နေမှာပါ။ သူတို့ ဘက်က ဘာမှအကြောင်းမပြန် သေးဘူး’’ ဟု သပိတ်စခန်းဦး ဆောင်သူကိုဒီးဒီက ပြောသည်။ 

ထို့ကြောင့် ဗဟိုတာဝန်ရှိသူ များနှင့် တွေ့ဆုံခွင့်မရမချင်း ပြည်နယ်ဒီချုပ်ရုံးရှေ့တွင် သပိတ် စခန်းဖွင့်၍ ရက်အကန့်အသတ် မရှိ ဆန္ဒထုတ်ဖော်မည်ဟု ဆို သည်။ တွေ့ဆုံခွင့်ရရှိပါက ပြည် နယ်ဝန်ကြီးချုပ်၏ မတရားလုပ် ဆောင်မှုများ၊ စီမံခန့်ခွဲမှုအ လွဲအမှားများကို တင်ပြတိုင်ကြား မည်ဟု ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှု တွင် ကန့်ကွက်ဦးဆောင်သည့် လူငယ်များကဆိုသည်။ 

လက်ရှိတွင် သပိတ်စခန်း ဖွင့်ထားသည့်လူငယ်များထံမှ ၎င်းတို့နှင့်တွေ့ဆုံခွင့်ပြုရန်တရား ၀င်အကြောင်းကြားစာ လက်ခံ မရသေးကြောင်းနှင့် ဗိုလ်ချုပ် ရုပ်တုစိုက်ထူခြင်းသည်လည်း ပါတီက ဆောင်ရွက်သည့် ကိစ္စမဟုတ်သဖြင့် ဖြေရှင်းရန်မရှိ ကြောင်း ဒီချုပ်ပါတီပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဖေ ဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီ တွင် ပြောသည်။ 

အကယ်၍ ၎င်းတို့ထံတင်ပြ တိုင်ကြားလိုပါက တရားဝင်စာ ဖြင့် တွေ့ဆုံခွင့်တောင်းရန်နှင့် ရန်ကုန်ရှိ ဒီချုပ်ပါတီဌာနချုပ်ရုံး၌ လာရောက်တွေ့ဆုံနိုင်ကြောင်း ၎င်းကဆိုသည်။ 

ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ရုပ်တုထားရှိလိုပါက မဲ ပုံးထောင်၍ ပြည်နယ်သူ၊ ပြည် နယ်သားများ၏ ဆန္ဒသဘောထား ယူရန်၊ ကန့်ကွက်မှုများရှိနေသ ဖြင့်အများပြည်သူပိုင်ပန်းခြံအ တွင်း မထားရှိရန်နှင့် ထားရှိလိုပါ က ၎င်းတို့ပိုင်သည့် ဒီချုပ်ပါတီရုံး နေရာများတွင်သာ ထားရှိရန် ကရင်နီလူငယ်များက ဆန္ဒထုတ် ဖော်တောင်းဆိုထားသည်။ 

ဖေဖော်ဝါရီ ၃ ရက်စွဲဖြင့် ဗိုလ်ချုပ်ရုပ်တုစိုက်ထူခြင်းအ ပေါ်လက်မခံနိုင်သဖြင့် ရက်အ ကန့်အသတ်မရှိ သပိတ်စခန်းဖွင့် လှစ်မည်ဆိုသည့်သပိတ်ကော်မ တီ၏ အကြောင်းကြားစာသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသဖြင့် လက်ခံနိုင်ခြင်းမရှိကြောင်း လွိုင် ကော်မြို့နယ်ရဲတပ်ဖွဲ့က အ ကြောင်းပြန်ထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက် ၍ လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့သို့ ဖုန်းဆက်သွယ်မေးမြန်းရာ မြို့ နယ်ရဲတပ်ဖွဲ့မှူး အစည်းအ ဝေးတက်နေသဖြင့် နောင်မှပြန် လည်ဆက်သွယ်ရန် တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်ည ၇ နာရီခန့်တွင် ပြော သည်။ 

လွိုင်ကော်မြို့မရဲစခန်းမှူး ကမူ ၎င်းထံမြို့နယ်ရဲတပ်ဖွဲ့က သပိတ်စခန်းနှင့်ပတ်သက်၍ မည် သည့်ညွှန်ကြားချက်မျှ မရရှိသေး ကြောင်းနှင့် အသေးစိတ်အခြေအ နေကို သိရှိလိုပါက မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးထံသို့ ဆက်သွယ်မေးမြန်း ရန် ဖေဖော်ဝါရီ ၃ ရက် ည ၇ နာရီခန့်တွင်ပြောသည်။ 

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုစိုက် ထူမှုအပေါ် ကန့်ကွက်သည့် သ ပိတ်စခန်းကို ကန္ဒာဟေ၀န်ပန်းခြံ ရှေ့တွင် ဖွင့်လှစ်ခဲ့ရာ အင်အား သုံးဖယ်ရှားပြီးနောက် ဖေဖော် ၀ါရီ ၂ ရက် တွင် ဒေသခံတစ် ထောင်ကျော်က လွိုင်ကော်မြို့ တွင် တန်ပြန်ထောက်ခံပွဲပြုလုပ်၍ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တုဖွင့်ပွဲ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ကယားပြည်နယ် ၀န်ကြီးချုပ်ဦး အယ်လ်ဖောင်းရှို အပါအ၀င်ပြည် နယ်အ စိုးရအဖွဲ့ဝန်ကြီးများတက် ရောက်ခဲ့သည်။ 

ထို့အပြင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်မှုကြောင့် ဦး ဆောင်သူ ၂၀ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အစိုးရကလွိုင်ကော် မြို့နယ်တရားရုံး၌ တရားစွဲဆို ထားသည်။ 

အဆိုပါလူငယ်အများစု သည် ၂၀၁၈ ဇွန်လအတွင်း ဗိုလ် ချုပ်ရုပ်တုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများကြောင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု၊ ငြိမ်း စုစီဥပဒေပုဒ်မများဖြင့် တရား ရင်ဆိုင်နေရသော ကရင်နီလူ ငယ် ၂၃ ဦးတွင်ပါဝင်သည့်လူငယ် များဖြစ်သည်။

7Day

0 comments:

Post a Comment