Sunday, February 3, 2019

အစိုးရနှင့် KIO တရားဝင်ဆွေးနွေးပွဲ ပြည်ထောင်စုနေ့ဝန်းကျင်ပြုလုပ်နိုင်ဖွယ်ရှိဟု PCG ပြော


အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုယ်စားလှယ်အဖွဲ့ တို့၏ တရားဝင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင် စုနေ့ဝန်းကျင်၌ ပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း ဆွေးနွေးပွဲဖြစ်မြောက် ရေး ကြားဝင်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးဆန်း အောင်က ပြောသည်။ 

‘‘ရက်ကတော့ နှစ်ဖက်ညှိ နေဆဲပဲ။ ပြည်ထောင်စုနေ့အပြီး ပတ်ဝန်းကျင်လောက်ပဲ ဖြစ်မှာ ပါ။ ဘယ်မှာ တွေ့မယ်ဆိုတာ လည်း နှစ်ဖက်ညှိရဦးမယ်။ တွေ့ မှာတော့ သေချာပါတယ်။ ဒီတစ် ခေါက်က တရားဝင်တွေ့ဆုံမှု ပေါ့။ အရင်တစ်ခေါက်က အ လွတ်သဘော’’ဟု ဦးဆန်းအောင် က ဖေဖော်ဝါရီ ၃ ရက်တွင် ပြော သည်။ 

ငြိမ်းချမ်းရေးကော်မရှင် ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (ငြိမ်း)တို့ပါဝင် သည့်အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ဗိုလ်ချုပ်ဂွန်မော် ဦးဆောင် သည့် KIO ကိုယ်စားလှယ်အဖွဲ့ တို့ ဇန်နဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီး တရားဝင် ဆွေးနွေးပွဲပြုလုပ်ရန် ညှိနှိုင်းနေ သည်။ 

PCG အနေဖြင့် KIO နှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲ များပေါ်ပေါက်ရေး ကြားဝင်ညှိ နှိုင်းရာတွင် အစိုးရကိုယ်စားလှယ် များသာမက တပ်မတော်မှ အဆင့်မြင့်အရာရှိများနှင့်လည်း ဆက် သွယ်ဆောင်ရွက်ခဲ့သည်။ တပ် ပိုင်းဆိုင်ရာ အချင်းချင်းညှိနှိုင်းနိုင် ရေး ချိတ်ဆက်ဆောင်ရွက်နေခြင်း ကြောင့် အောင်မြင်မှုရရှိနိုင်မည် ဟု မျှော်လင့်ကြောင်း ဦးဆန်း အောင်က ပြောကြားထားသည်။ 

လက်ရှိအစိုးရလက်ထက် တွင် အစိုးရနှင့် KIO ကိုယ်စား လှယ်များအကြား အလွတ်သ ဘော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သော်လည်း ပြည် တွင်း၌ တရားဝင်ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်းမရှိဟု ငြိမ်းချမ်း ရေးဆွေးနွေးရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဒေါက်တာမင်းဇော်ဦး က ပြောသည်။ 

KIO အဖွဲ့အနေဖြင့် ယခင် အစိုးရလက်ထက်တွင် အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆောင်ရွက်သော်လည်း ပြေလည်မှုမရဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ လက်ရှိအစိုးရ လက်ထက်၌ တရားဝင်ဆွေးနွေးပွဲ များ အစမပြုနိုင်ခဲ့ပေ။ 

ယခုပြုလုပ်နေသည့် ဆွေး နွေးမှုများသည် ပထမဦးစွာ အစိုးရနှင့် KIO အကြား နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်ဖြစ်ပြီး ပြေလည်မှု ရပါက KIO အဖွဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးဖြစ်ကြောင်း လေ့လာသူ တို့က ပြောသည်။

7Day

0 comments:

Post a Comment