Wednesday, August 17, 2022

Facebook ကိုအစားထိုးရန် Social Media ပလက်ဖောင်းတခု နစက တီထွင်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

မြန်မာနိုင်ငံတွင် Facebook ကိုအစားထိုးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အနေဖြင့် social media ပလက်ဖောင်းတခုကို တီထွင်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်အာဏာသိမ်း ရက် (၅၆၃) အတွင်း သတ်ဖြတ်ခံရသူ ၂၂၁၅ ဦး အထိရှိလာ

AAPP ၏ ဩဂုတ်လ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၆၃)အတွင်း ပြည်သူ (၂၂၁၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံမည်

 

အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ထပ်မံ တွေ့ဆုံသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံနေသည့် လူမှုကွန်ယက် ပေ့ချ်အား ဖော်ထုတ်အရေးယူမည်

 

လူမှုကွန်ယက်စာမျက်နှာအသုံးပြု၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အမည်ခံကာ ငွေကြေးလိမ်လည်တောင်းခံနေသည့် ပေ့ချ်တစ်ခုအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ် ဆင်းနိုင်သည့် မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံကြီး အထူးကုသမှု စင်တာကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေး၊ လူယုံ မောင်မောင်နိုင်က အကြမ်းဖက် ခေါင်းဆောင်၏ မိသားစု စီးပွားရေး တာဝန်ခံ ဖြစ်လာ

 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ရဟတ်ယာဉ် ဆင်းနိုင်သည့် အမှတ် ၁ စစ် ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှု စင်တာကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေးခဲ့ပြီး လူယုံမောင်မောင်နိုင်က အကြမ်း ဖက်ခေါင်းဆောင် မိသားစု၏ စီးပွားရေးတာဝန်ခံ ဖြစ်လာကြောင်း သိရှိရသည်။

Monday, August 15, 2022

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆နှစ် ထပ်မံချမှတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှု အတွက် ဒီကနေ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။

စစ်ကိုင်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ အများဆုံးဖွဲ့စည်းပြီးဟု ဆို

 

ပစ်ခတ်တိုက်ခိုက်မှုတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အများဆုံးဖွဲ့စည်း ထားပြီးဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ယမ်းအပူလွန်ကဲရာမှ ယော (PDF) လက်နက်ဂိုဒေါင် မီးလောင်ပြီး ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ လက်နက်ခဲယမ်းများ မီးလောင်ဆုံးရှုံး

 


ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ လက်နက်ခဲရမ်းဂိုဒေါင်သည် ဇူလိုင်လ ၃၁ ရက် ညပိုင်း‌က နှာယမ်းအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ခဲ့ရပြီး ကျပ်သိန်းပေါင်း ၃၀၀ ဆုံးရှုံးခဲ့ကြောင်း YPDFက ဩဂုတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အလားအလာကောင်းမွန်သော ရုရှားခရီးသွားဈေးကွက် ရရှိနိုင်ရန် ကြိုးပမ်းနေဟု ခရီးသွားဝန်ကြီးပြော

ယခုအခါ ဈေးကွက်အနေအထားအရ အလားအလာကောင်းမွန်တဲ့ ရုရှားခရီးသွားဈေးကွက်ကို ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ ဌေးအောင်က ရုရှားဘာသာစကားသင်တန်းဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

ပလက်ဝတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝယ်မရဖြစ်နေ

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပြေးဆွဲနေသည့် ရေကြောင်းလမ်းကို သက်ဆိုင်ရာမှ ဩဂုတ် ၁ ရက်မှ စတင်၍ ပိတ်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ဆန် အပါဝင် စားသောက်ကုန်တချို့နှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဝယ်မရသည့် အခြေအနေ ကြုံတွေ့နေရသည်ဟု ပလက်ဝမြို့ခံများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဘုရင်မှ ပြစ်ဒဏ်လျှော့ပေါ့ပေးမည့် အကျဉ်းသားများထဲတွင် ဝင်းနှင့်ဇော်ပါသင့်ဟု ဆို

 

ထိုင်းဘုရင်နှင့် ၎င်းမယ်တော်ကြီးတို့၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ပေးမည့် ထိုင်းနိုင်ငံရှိ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားတစ်သိန်းကျော်ထဲတွင် ဝင်းနှင့်ဇော်လည်း ပါသင့်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ၏၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့သို့ သမ္မတဘိုင်ဒင်သဝဏ်လွှာပို့

 

အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။အိန္ဒိယ နှင့်အမေရိကန် နှစ်နိုင်ငံစလုံးသည် ဒီမိုကရေစီနိုင်ငံကြီးများဖြစ်ကြကာ မရှိမဖြစ်သောမိတ်ဖက်နိုင်ငံများလည်းဖြစ်သည် ဟုဆိုခဲ့သည်။မိမိတို့နှစ်နိုင်ငံအတူပူးပေါင်းကာ ကမ္ဘာတစ်ဝန်းရှိစိန်ခေါ်မှုများကို အတူတကွဖြေရှင်းနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဆီမပြတ်ဘဲ ဆီပြတ်သည်ဟုဆိုကာ ရောင်းချရန် ပျက်ကွက်သည့် ရန်ကုန်တိုင်းအတွင်းမှ ဆီအရောင်းဆိုင်များကို အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား

 

ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီများပြတ်လပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဆီဆိုင်များအား စစ်ဆေးပြီး အမှန်တကယ် ဆီပြတ်တောက်ခြင်း မရှိဘဲ ရောင်းချရန် ပျက် ကွက်နေပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Wednesday, August 3, 2022

တော်လှန်ရေး အနိုင်ရမှာ အသေအချာဟု မန်းဝင်းခိုင်သန်း ပြော

 

လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြသည့် မိမိတို့အနေဖြင့် အနိုင်ရမှာ အသေအချာ ဖြစ်ကြောင်း NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောသည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံ

 

မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် နစက ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ ဩဂုတ်လ (၃) ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် SSPP ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

နစက ဥက္ကဋ္ဌ အပါအဝင် တပ်မတော်တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဩဂုတ်လ (၃) ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

သေဒဏ်ကွက်မျက်ပြီးနောက် ရုပ်အလောင်းဖောက်ဖျက်ခြင်းသည် မတရားမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန် ခြင်း ဟု မနီလာသိန်း ဆို


သေဒဏ်ကွက်မျက်ပြီးနောက် ရုပ်အလောင်းများဖျောက် ဖျက်ပစ်ခြင်းသည် ကျန်မိသားစုနှင့် ကွက်မျက်ခံရသူ၏ လူ့အခွင့်အရေးအား သေဆုံးပြီးချိန်ထိ ဆက်လက်ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း ဦးဂျင်မီ၏ဇနီးဖြစ်သူ မနီလာသိန်း က ယမန်နေ့က ၎င်း၏ လူမှုကွန်ယက်တွင်‌ ရေးသားထုတ်ပြန်ခဲ့သည်။

Tuesday, August 2, 2022

မြန်မာအတွက် ငြိမ်းချမ်းရေးအစီအစဥ်ကို ပြန်စဥ်းစားဖို့ ရှိလာမယ်လို့ အာဆီယံဥက္ကဋ္ဌပြော

 


မြန်မာစစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို သေဒဏ်စီရင်မှု ဆက်ပြီးလုပ်နေမယ်ဆိုရင် အာဆီယံကထားရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဥ်ကို ပြန်ပြီး စဥ်းစားရဖို့ ရှိလာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြောလာပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလားရော့ဗ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်တို့ ယနေ့မနက်နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်ကို နိုင်ငံတကာက အရေးယူရေး နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့ ဆန္ဒပြ

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ကွပ်မျက်မှုအပြီး နောက်ထပ် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ပြည်သူအယောက် ၁၀၀ ကျော်အပေါ် သေဒဏ်စီရင်ရန် စီစဉ်နေသည့် မြန်မာစစ်တပ်ကို နိုင်ငံတကာက အရေးယူဆောင်ရွက်ရေး ပြည်ပရောက်မြန်မာများက နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် သြဂုတ် ၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ တောင်းဆိုဆန္ဒပြခဲ့ကြသည်။