Monday, August 15, 2022

ဆီမပြတ်ဘဲ ဆီပြတ်သည်ဟုဆိုကာ ရောင်းချရန် ပျက်ကွက်သည့် ရန်ကုန်တိုင်းအတွင်းမှ ဆီအရောင်းဆိုင်များကို အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား

 

ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီများပြတ်လပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဆီဆိုင်များအား စစ်ဆေးပြီး အမှန်တကယ် ဆီပြတ်တောက်ခြင်း မရှိဘဲ ရောင်းချရန် ပျက် ကွက်နေပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခြင်းအား ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီက ရန်ကုန် တိုင်း အစိုးရထံကို သြဂုတ် ၁၃ ရက်တွင် အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးစေခြင်းမှာ စက်သုံးဆီအရောင်းဆိုင်များသည် စက်သုံးဆီဈေးနှုန်းပြောင်းလဲမှုရှိလာနိုင်မည်ဟုယူဆ၍ မိမိအကျိုးစီးပွားအား မျှော်လင့်ကာ စက်သုံးဆီပြတ်လပ်သည်(သို့) လက်ကျန်နည်းပါးသည်ဟုပြော ဆိုမှုများရှိနေ သည်ဟု သိရသည်။
ထို့အတူ ရောင်းချမှုရပ်တန့်ထားခြင်းနှင့်အကန့် အသတ်ဖြင့်ရောင်းချခြင်းများ ပြုလုပ်နေသဖြင့် တိုင်းနှင့်ပြည် နယ်များအတွင်း မလိုလားအပ်သည့် သတင်းအမှားများမရှိစေရန်နှင့်ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်များအား ကြီးကြပ်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင်များအနက် ရောင်းချမှုရပ်တန့်ထားခြင်း၊အ ကန့်အသတ်ဖြင့်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူများ စက်သုံးဆီဈေး နှုန်းမြန်ကန်စွာသုံးစွဲနိုင်ရေးနှင့်စက်သုံးဆီပြတ် လပ်မှုမရှိစေရေးအတွက် ဖြည့်တင်းမှုများ ကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Popular

0 comments:

Post a Comment