Tuesday, August 2, 2022

မြန်မာစစ်တပ်ကို နိုင်ငံတကာက အရေးယူရေး နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့ ဆန္ဒပြ

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ကွပ်မျက်မှုအပြီး နောက်ထပ် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ပြည်သူအယောက် ၁၀၀ ကျော်အပေါ် သေဒဏ်စီရင်ရန် စီစဉ်နေသည့် မြန်မာစစ်တပ်ကို နိုင်ငံတကာက အရေးယူဆောင်ရွက်ရေး ပြည်ပရောက်မြန်မာများက နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် သြဂုတ် ၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို New York City Burmese Community (NYCBC) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်အားဖြည့်ခဲ့ကြောင်း သိရသည်။





ဓာတ်ပုံ - NYCBC
 ဧရာဝတီ

0 comments:

Post a Comment