Tuesday, August 2, 2022

မြန်မာအတွက် ငြိမ်းချမ်းရေးအစီအစဥ်ကို ပြန်စဥ်းစားဖို့ ရှိလာမယ်လို့ အာဆီယံဥက္ကဋ္ဌပြော

 


မြန်မာစစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို သေဒဏ်စီရင်မှု ဆက်ပြီးလုပ်နေမယ်ဆိုရင် အာဆီယံကထားရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဥ်ကို ပြန်ပြီး စဥ်းစားရဖို့ ရှိလာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြောလာပါတယ်။
''အကျဥ်းသားတွေကို ပိုပြီး ကွပ်မျက်တာလုပ်လာမယ်ဆိုရင် အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ပြန်ပြီး စဥ်းစားရပါလိမ့်မယ်''လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖနွမ်ပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအစမှာ ပြောပါတယ်။
အာဆီယံဟာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တိုက်တိုက်တွန်းတန်း ပြောဆိုနေတာဖြစ်ပြီး ဒီမိုကရေစီအရေးတက်ကြွလုပ်ရှားသူ ၄ ဦးကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်တုန်းက ပြစ်ဒဏ်စီရင်ခဲ့တာကိုလည်း ရှုတ်ချပြောဆိုထားပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ''သေဒဏ်ပေးတာကို ပြန်စဥ်းစားသုံးသပ်ဖို့ ကျွန်တော်ကိုယ်တိုင်ရော အခြားလူတွေကပါ တိုက်တွန်းခဲ့ပေမဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို ကွပ်မျက်ခဲ့တာကြောင့် ကမ္ဘောဒီးယားအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အတော်လေးစိတ်ပျက်ခဲ့ရတယ်''လို့ ပြောပါတယ်။

BBC

0 comments:

Post a Comment