Wednesday, August 17, 2022

Facebook ကိုအစားထိုးရန် Social Media ပလက်ဖောင်းတခု နစက တီထွင်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

မြန်မာနိုင်ငံတွင် Facebook ကိုအစားထိုးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အနေဖြင့် social media ပလက်ဖောင်းတခုကို တီထွင်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီဟာကိုမသုံးနဲ့လို့ ကန့်သတ်လိုက်ရင် စိတ်ရဲ့အလိုဆန္ဒအရ မသုံးစွဲလို့မရပါဘူး။ ဒါကိုလည်း ကျွန်တော်တို့က ကြည့်ရမှာပါ။ အဲဒီနေရာကို အစားထိုးနိုင်ဖို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုကို တီထွင်ဆောင်ရွက်လျှက်ရှိပါတယ်"ဟု ဩဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယင်းလက်ဖောင်းအသစ်ကို ဝန်ကြီးဌာန ၂ ခု၊ ၃ ခုပူးပေါင်း၍ ပညာရှင်များနှင့်အတူ တီထွင်ဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းက ပြောသည်။
Facebook Team အနေဖြင့် မြန်မာနိုင်ငံအတွင်း ၀င်ငွေရရှိနေသည်မှာ ကြော်ငြာများကြောင့်ဖြစ်ပြီး Facebook တွင် ကြော်ငြာနေသည့် မြန်မာကုမ္ပဏီများကိုလည်း ကန့်သတ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအကျိုးစီးပွား၊ ယဉ်ကျေးမှု၊ နိုင်ငံရေးများတွင် ဆုတ်ယုတ်အောင်ဆောင်ရွက်နေသော Facebook ကို ပြည်သူတွေမသုံးဆွဲနိုင်အောင် ကန့်သတ်ထားပေသော်လည်း အပြည့်အဝမအောင်မြင်သေးသည်ကိုလည်း ဝန်ခံကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

News Watch TV

0 comments:

Post a Comment