Monday, August 15, 2022

စစ်ကိုင်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ အများဆုံးဖွဲ့စည်းပြီးဟု ဆို

 

ပစ်ခတ်တိုက်ခိုက်မှုတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အများဆုံးဖွဲ့စည်း ထားပြီးဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြီးခဲ့တဲ့ ဩဂုတ်(၁၀)ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်ကိုင်းတိုင်းမှာ အများဆုံး ဖွဲ့စည်းဆောင်ရွက်ထားပြီး လိုအပ်ချက် တော့ ရှိနေသေးတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့မှာတော့ ပြည်သူလုံခြုံ ရေးနဲ့ ဒေသကာကွယ်ရေးကို စိတ်ပါဝင်စားတဲ့ ဒေသခံပြည်သူလူထု ကိုယ်တိုင်ပါဝင်ပြီး လိုအပ်တဲ့ လက်နက် တပ်ဆင်ပေးတာ၊ စစ်သင်တန်းပေးတာ၊ စစ်ဥပဒေ စစ်စည်းမျဉ်းသင်တန်း ပေးတာတွေ ဆောင်ရွက်ပေးနေ တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ လည်းဒေသလိုအပ်ချက်နဲ့ ပြည်သူ့လူထုလိုအပ်ချက်အရ ဆက်လက်ဖွဲ့စည်းသွားဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ- CJ
One News Myanmar

0 comments:

Post a Comment